အိမ်ထောင်ရှင် အလှမယ် ရွေးမည်

0
425

အိမ်ထောင်ရှင် အမျိုးသမီးများကို မဟေသီ စံပြအလှမယ်အဖြစ် ရွေးချယ် မည့်ပြိုင်ပွဲကို လာမည့် နိုဝင်ဘာလ ၁၁ ရက်တွင် DDPC ဈေးဝယ်စင်တာ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ထားဝယ် ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ လိမီတက် (DDPC) ကုမ္ပဏီထံမှ သိရသည်။

အသက် ၃၀နှစ်အထက် အိမ်ထောင် ရှိသူ(သို့) အိမ်ထောင်ပြုခဲ့ဖူးသည့် အမျိုး သမီးများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ဆုကြေးအဖြစ် ပထမဆုကို ကျပ် ၃ သိန်း အထိ ချီးမြှင့်သွားမည် ဖြစ်ကြောင်း DDPC ကုမ္ပဏီ၏ ပြည်သူ့ဆက်ဆံရေး အရာရှိ ဦးကျော်သိန်းနိုင်က ဆိုသည်။

ဝင်ရောက်ယှဉ်ပြိုင်ခွင့် လျှောက် လွှာများကို DDPC ရုံး၊ DDPC ဈေး ဝယ်စင်တာ၊ မဟာစံ အထည်ဆိုင်၊ မိတ်ကပ် မိုးဆမ်းဦး (ဖန်ဆင်းရှင်)၊ ပန်းသတင်း ဖက်ရှင်၊ သီရိနွယ် အမျိုးသမီးဖက်ရှင် ဆိုင် အစရှိသည့်ဆိုင်များတွင် အခမဲ့ ထုတ်ယူနိုင်ကြောင်း ၎င်းက ပြောသည်။
” ဝင်ကြည့်သူတွေလည်း အခမဲ့ စီစဉ်ထားပါတယ်” ဟု ဦးကျော်သိန်းနိုင် က ဆိုသည်။

ပြိုင်ပွဲဝင် လျှောက်လွှာများကို နိုဝင်ဘာလ ၈ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပြီး ပြိုင်ပွဲကို နိုဝင်ဘာလ ၁၁ရက်၊ ၁၈ရက်နှင့် ဒီဇင် ဘာလ ၂ရက်များတွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပထမဆုအဖြစ် ငွေကျပ် ၃သိန်း၊ ဒုတိယဆုအဖြစ် ၂ သိန်း၊ တတိယဆုအဖြစ် ၁ သိန်းနှင့် အခြားဆု များကိုလည်း ချီးမြှင့်သွားမည် ဖြစ်ကြောင်း DDဏဃ ကုမ္ပဏီထံမှ သိရသည်။