ထားဝယ်အမျိုးသား ညီလာခံ ကျင်းပမည်

0
474

လာမည့် နိုဝင်ဘာလ ၁၈ရက်နှင့် ၁၉ရက်တွင် ထားဝယ်အမျိုးသား ညီ လာခံတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း ထားဝယ်လူမျိုး စုစည်းမှုကော်မတီ တာ ဝန်ရှိသူများထံမှ သိရသည်။ညီလာခံတွင် ထားဝယ်အမျိုးသား နေ့၊ အလံ၊ တံဆိပ် သတ်မှတ်နိုင်ရန် ဆွေးနွေးခြင်း၊ အတည်ပြုခြင်း၊ ထား ဝယ်လူမျိုး သမိုင်းစာတမ်း ဖတ်ကြား ခြင်း၊ အတည်ပြုခြင်း၊ ထားဝယ်ဘာသာ စကား^ထားဝယ်စာပေ၊ ထားဝယ်ရိုးရာ ယဉ်ကျေးမှုတို့ကို ဖော်ထုတ်ရန် ဆွေး နွေးခြင်း၊ အတည်ပြုခြင်းများ ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။

ညီလာခံသို့ ဒေသအလိုက်၊ ဇုန် အလိုက် ရွေးချယ်စေလွှတ်မည့် ညီလာ ခံကိုယ်စားလှယ် ၂၀၀ ဦး တက်ရောက် ဆွေးနွေးရန် သတ်မှတ်စီစဉ်ထားပြီး ယင်းဆွေးနွေးပွဲကို ထားဝယ် မြို့မယဉ် ငေးရိပ်သာတွင် ကျင်းပမည်ဖြစ်ကြောင်း ထားဝယ်လူမျိုးစုစည်းမှု ကော်မတီ ညှိနှိုင်းရေးမှူး ဦးတင့်လွင်က ပြောသည်။
ညီလာခံမှ ထွက်ပေါ်လာသည့် ရလဒ်များကို ပြည်ထောင်စုအစိုးရနှင့် ကမ္ဘာ့ကုလသမဂ္ဂသို့ ပေးပို့သွားမည်ဟု ဦးတင့်လွင်က ဆိုသည်။
” အစိုးရက ဖက်ဒရယ်နိုင်ငံ ထူ ထောင်ဖို့ ပြောထားတယ်၊ အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ်ပြည်ထောင် စုနိုင်ငံ ထူထောင်ရာမှာ ထားဝယ်လူမျိုး တို့ရဲ့ ဆန္ဒသဘောထားတွေ ပါဝင်ထည့် သွင်းနိုင်ဖို့ပါ” ဟု ၎င်းက ပြောသည်။

ညီလာခံ ဖွင့်ပွဲနှင့် ပိတ်ပွဲအား အထက်ပါ နေ့ရက်တို့တွင် ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားခန်းမ၌ ပြုလုပ် မည်ဖြစ်ပြီး ထားဝယ်သားအားလုံးအပြင် အခြားလူမျိုးစုများလည်း လေ့လာတက် ရောက်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ထားဝယ် အမျိုးသားညီလာခံ ပြုလုပ်ခြင်းကို ကြိုဆိုပြီး အားလုံး ပါဝင်ကြကာ ပါတီစွဲ၊ အဖွဲ့အစည်းစွဲ ကင်းကင်းဖြင့် အချိန်ယူ လုပ်ဆောင် သင့်ကြောင်း ထားဝယ်ဒေသခံအချို့က မှတ်ချက်ပြုကြသည်။

” ပါတီ အဖွဲ့အစည်း တစ်ခုခုက ထလုပ်ရင် ထားဝယ်ဆိုတဲ့ လိုရင်းမရောက် နိုင်တော့ဘူး၊ အားလုံး ပါဝင်ရင် အားလုံး ရှင်းသွားမယ်။ အားလုံး ခေါင်းချင်းဆိုင် ပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့ အဖွဲ့တစ်ခု ဆိုရင် ဒါ အားလုံး ပါတာဟေ့ဆိုရင် အားလုံး ဝင်လာလို့ရတာပေါ့။ လော လော လောလောမလုပ်စေချင်ဘူး” ဟု ထားဝယ်မြို့၊ ဆန်းချီရပ်နေ ကိုစိုးသက် အောင်က ပြောသည်။

ညီလာခံ ဦးဆောင်ကျင်းပမည့် ထားဝယ်လူမျိုးစုစည်းမှုကော်မတီတွင် ဒေသအသီးသီးမှ သံဃာတော်များ၊ ပါတီ၊ အရပ်ဘက် အဖွဲ့အစည်းအချို့မှ တာဝန် ရှိသူများ၊ ဒေသခံထားဝယ်လူမျိုးအရေး တက်ကြွလှုပ်ရှားသူအချို့ပါဝင်ပြီး ယင်း ကော်မတီကို ယခုနှစ် အစောပိုင်းက ဖွဲ့စည်းထားခြင်း ဖြစ်သည်။ထားဝယ် အမျိုးသား ညီလာခံသို့ ထားဝယ်ဒေသ နှင့် အဝေးရောက် ထားဝယ်သူထားဝယ် သားများတက်ရောက်နိုင်ရန် ညီလာခံ ကိုယ်စားလှယ် လျှောက်လွှာပုံစံ၊ လက်ကမ်း စာစောင်များ ဖြန့်ဝေထားပြီး ဗွီနိုင်း၊ ဘုတ်ပြား များလည်း စထောင်နေပြီဟု သိရသည်။