ဘီလူးကျွန်း ရိုးရာလက်မှုလုပ်ငန်းများဖွံ့ ဖြိုးရန် မွန်ပြည်နယ်အစိုးရကူမည်

0
443

မွန်ပြည်နယ် ဘီလူးကျွန်း(ချောင်း ဆုံ) ဒေသရှိ ရိုးရာလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး ပြည်နယ်အစိုးရက ကူညီ ထောက်ပံ့ရန် စီစဉ်လျက်ရှိသည်။
လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်လာပြီးနောက် ဘီလူးကျွန်းဒေသ ထွက်ရိုးရာ လက်မှုလုပ်ငန်းများ ဈေး ကွက်ပွင့်လာပြီး အရောင်းတွင် ကျယ် လာစေရန်အတွက် လုပ်ငန်းရှင်တို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းကူညီ ပေးသွားမည်ဟု မွန်ပြည်နယ် အစိုးရ အဖွဲ့ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း က ပြောသည်။

” အခုက ဥပမာ နိုင်ငံခြားသား တစ်ဦးက ဆေးတံအခု ၁၀၀၀ လိုချင် တယ်။ သူတို့နိုင်ငံမှာ ရောင်းမယ် ဖြန့်မယ် ပေါ့။ ကျွန်တော်တို့ မပေးနိုင်ဘူး ဆေးတံ ဖြစ်ဖြစ် တုတ်ကောက်ဖြစ်ဖြစ် မပေးနိုင် ဘူး။ အဲကြောင့်များများနဲ့ တွင်တွင် ကျယ်ကျယ် ရောင်းချနိုင်အောင် ဈေးကွက် ပွင့်လာအောင်၊ တုတ်ကောက်ဆိုရင် အခြေခံ လိုအပ်ချက်က သစ်ပေါ့၊ အစိုးရ က သစ်ပေးရမလား။ ဒါမှမဟုတ် တခြား လက်မှုပစ္စည်းမှာ သုံးတဲ့အရာတွေ ဒါမှ မဟုတ် ငွေချေးပေးရမလားပေါ့” ဟု ၎င်းက ပြောသည်။

လက်မှုလုပ်ငန်းရှင်များ၏ လိုအပ် ချက်များကို ကူညီထောက်ပံ့ပေးနိုင်ရန် ကနဦးအနေဖြင့် စက်မှုကြီးကြပ်မှ ဘီလူးကျွန်းဒေသရှိ လက်မှုလုပ်ငန်း အမျိုးအစားနှင့် အရေအတွက်ကို စာ ရင်း ပြုစုလျက်ရှိသည့်အပြင် လက်မှု လုပ်ငန်းရှင်တို့၏ လိုအပ်ချက်များကို သိရှိနိုင်ရန် ကွင်းဆင်း တွေ့ဆုံလျက် ရှိသည်ဟု ဦးမြင့်သန်းဝင်းက ဆက်ပြော သည်။

ပြည်နယ်အစိုးရအနေဖြင့် စက်မှု ကြီးကြပ်မှ တက်လာသည့် အချက် အလက်များပေါ်မူတည်ပြီး ကူညီထောက် ပံ့ပေးနိုင်ရန် လက်မှုလုပ်ငန်းရှင်တို့နှင့် ခေါ်ယူတွေ့ဆုံသွားမည် ဖြစ်သည်။

ရိုးရာလက်မှုလုပ်ငန်းရှင်များက လည်း အစိုးရသို့မဟုတ် ပုဂ္ဂလိကမှ ကူညီထောက်ပံ့ပေးမှုကို မျှော်လင့်နေကြ ကြောင်း ကူညီထောက်ပံ့မှု ရရှိလာပါ က လုပ်ငန်းတိုးချဲ့ လုပ်ကိုင်ကြရန် စီစဉ် နေကြသည်။