နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ တီးဝိုင်းငှားခ ကျပ်သောင်းချီ ဈေးတက်

0
545

ထားဝယ်တွင် နှစ်စဉ်ကျင်းပလာခဲ့ သည့် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရား လှည့်လည်ပူဇော်ပွဲတွင် ပါဝင် ထည့်သွင်းလေ့ရှိသည့် အကယာဉ် (ဒေသအခေါ် ကဖောင်) ဈေးနှုန်းများ ယခုနှစ်တွင် ငွေကျပ် သောင်းချီ ဈေးပို လာကြောင်း ထားဝယ်ဒေသရှိ တီးဝိုင်း အချို့ထံမှ သိရသည်။

လက်ရှိအချိန်တွင် ပြီးခဲ့သည့်နှစ် ထက် ငွေကျပ် ၅ သောင်းမှ ၂ သောင်း အထိ ဈေးပိုလာခဲ့ပြီး အကယာဉ်အဖြစ် အသုံးပြုသည့် ကားငှားရမ်းခ ဈေးမြင့် လာသည့်အတွက် တီးဝိုင်းငှားခကို ဈေးမြှင့်ရခြင်းဖြစ်ကြောင်း တီးဝိုင်း တာဝန်ရှိသူ အများစုက ဆိုသည်။တီးဝိုင်း၊ ကား၊ အသံပိုင်းဆိုင်ရာ ပစ္စည်းများ၊ မီးစက်၊ လျှပ်စစ်မီးများ အစရှိသည့် တစ်ညတာအတွက် အက ယာဉ် ငှားရမ်းခမှာ ငွေကျပ် ၆ သိန်း ကျော်မှ ၈ သိန်းခွဲအထိ ဈေးအမျိုးမျိုး ရှိသည်။
ထားဝယ်ဒေသတွင် တီးဝိုင်း ၇ဝိုင်း ခန့်ရှိကြောင်း သိရသည်။

“ဈေးတက်ရတဲ့ အကြောင်းက ကားခ ဈေးတက်လာလို့ ဈေးတိုးလိုက် တာပါ” ဟု ယူနီဗာဆယ်တီးဝိုင်း မန်နေ ဂျာဖြစ်သူ ဦးကျော်စိုးလွင်က ပြော သည်။
တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲအချိန် တီးဝိုင်းပေါက်ဈေးနှင့် အခြားရာသီပွဲတော်များတွင် ယူသည့် ဈေးနှုန်းမှာ အနည်းငယ် ကွာခြားမှုရှိ ကြောင်း ရွှေဝယ်မြို့မတီးဝိုင်း၏ ခေါင်း ဆောင်ဖြစ်သူ ဦးယူဝင်းက ဆိုသည်။

” ကျန်တဲ့ ပွဲတော်ရာသီတွေမှာဆို နှစ်သောင်းလောက် ဈေးလျော့တယ်” ဟု ဦးယူဝင်းက ပြောသည်။ရပ်ကွက်၊ကျေးရွာများမှ ပင့်ဆောင် ပူဇော်ထားသည့် နှစ်ကျိပ်ရှစ်ဆူ ဘုရား များကို ဘုရားကြီးဝင်းအတွင်းသို့ ပြန် လည်ပင့်ဆောင်ရာတွင် ဖျော်ဖြေရေး အနေဖြင့် အကယာဉ်များကို ပါဝင်ထည့် သွင်းလေ့ရှိကာ ဘုရားပို့ဆောင်သည့် ရပ်ကွက်များက အပြိုင်အဆိုင် ငှားရမ်း လေ့ ရှိသည်။

လက်ရှိ ကျင်းပမည့် တန်ဆောင် တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်မှာ ၁၀၈ကြိမ်မြောက် ရှိပြီဖြစ်ကာ ထားဝယ် ဒေသမှ ဘုရားဖူးဧည့်သည်များ သာမ က မြန်မာနိုင်ငံ အရပ်ရပ်မှ လာရောက် သည့် ဘုရားဖူးများဖြင့် အထူးစည်ကား သည်။