မြန်မာစာ စွမ်းရည်ပြိုင်ပွဲများ ကျင်းပမည်

0
474

အခြေခံပညာ ကျောင်းသားများ မြန်မာစာစွမ်းရည် တိုးတက်စေရန် ပြိုင် ပွဲများ ကျင်းပမည်ဖြစ်ကြောင်း တိုင်းပ ညာရေးမှူးရုံးထံမှ သိရသည်။ပြိုင်ပွဲများက ကျောင်းအဆင့်မှ တိုင်းအဆင့်အထိ အဆင့်ဆင့် ထူးချွန် သည့် ကျောင်းသားနှစ်ဦးကို ဗဟိုအဆင့် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ်မည် ဖြစ်ကြောင်း အထက်ပါ ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

” အလယ်တန်းက တစ်ယောက် အထက်တန်းကတစ်ယောက် နှစ်ယော က်ပဲ၊ ဗဟိုအဆင့်ပြိုင်ပွဲအတွက် ရွေးရ မှာပါ။ မှုလတန်းအဆင့်ကတော့ မပါ တော့ဘူး” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။မူလတန်းမှ အထက်တန်းအထိ ကျောင်းသားကျောင်းသူများ ဝင်ပြိုင်ခွင့် ရှိပြီး မူလတန်းကျောင်း သူ၊ ကျောင်းသား များမှာ ခရိုင်အဆင့်ထိသာ ယှဉ်ပြိုင်ရ မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းပြိုင်ပွဲအတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကျောင်းသား၊ ကျောင်းသူ များ လေ့လာရမည့် စာအုပ်များကို အ ခြေခံပညာဦးစီးဌာမှ ညွှန်ကြားထားပြီး ဖြစ်ပြီး ကျောင်းစာကြည့်တိုက်များတွင် မရှိသည့် စာအုပ်များကို မိမိကျောင်း အစီအစဉ်ဖြင့် ရှာဖွေရမည်ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
” ဘယ်စာအုပ်တွေကို လေ့လာရ မယ်ဆိုတာ တိတိကျကျ မသိရသေးဘူး။ တိတိကျကျ သိရရင်တော့ ကိုယ့်ကျောင်း မှာမရှိတဲ့ စာအုပ်တွေကို အပြင်မှာ ဝယ် လို့ရတာပေါ့” ဟုထားဝယ်မြို့ပေါ် အထက်တန်းကျောင်းအုပ်ဆရာ တစ်ဦး က ဆိုသည်။

ယင်းကဲ့သို့ မြန်မာစာစွမ်းရည်ပြိုင် ပွဲများ ကျင်းပစေခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ မိမိဆိုလိုရင်းကို ထိထိ မိမိရေးသားနိုင်မည်ဖြစ်သောကြောင့် မြန်မာစာပေ ပိုမိုဖွံ့ဖြိုးတက်လာမည်ဖြစ် ကြောင်း ထားဝယ်မြို့ အထက်တန်းကျောင်းမှ အသက် ၄၀ ကျော်အရွယ် အထက်တန်း မြန်မာစာပြ ဆရာမတစ်ဦးက ပြောသည်။

ကျောင်းအဆင့်ပြိုင်ပွဲများကို အောက်တိုဘာလနောက်ဆုံးအပတ်၊ မြို့နယ်အဆင့်ကို နိုဝင်ဘာလ ပထမအပတ်၊ ခရိုင်အဆင့်ကို နိုဝင်ဘာလတတိယ အပတ်၊ တိုင်းအဆင့်ကို ဒီဇင်ဘာလပထမအပတ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။