ကော့သောင်း မီးလင်းရေးတင်ဒါ ကုမ္ပဏီ ၆ ခုလျှောက်ထား

0
486

ကော့သောင်းမြို့နယ် မီးလင်းရေး အတွက် တင်ဒါခေါ်ယူထားပြီး လျှောက် ထားသည့် ကုမ္ပဏီ ၆ ခုရှိကြောင်း တနင်္သာရီတိုင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦကြည်လှိုင်က ပြောသည်။

လက်ရှိတွင် လုပ်ကိုင်ခွင့်ပြုမည့် ကုမ္ပဏီကို မရွေးချယ်ရသေးဘဲ အများ ပြည်သူနှင့်သက်ဆိုင်သော အရေးကြီး ကိစ္စဖြစ်သည့်အတွက် တိုင်းအစိုးရအဖွဲ့ အနေဖြင့် အသေးစိတ် စိစစ်နေကြောင်း ဝန်ကြီးက ဆိုသည်။” ဘယ်ကုမ္ပဏီရမယ် ဘယ်သူရမယ် ဆိုတာတော့ မသိသေးဘူး၊ ထုတ်ပြန်မယ့် ရက်ကိုလည်း အတိအကျ ပြောလို့ မရ သေးဘူး” ဟု ဝန်ကြီး ဦးကြည်လှိုင်က ဆိုသည်။

တင်ဒါ လျှောက်လွှာ စတင်ရောင်းချ ချိန်က လျှောက်လွှာဝယ်ယူသည့် ကုမ္ပဏီ ၁၉ ခုရှိပြီး ယင်းတို့အနက် ကုမ္ပဏီ ၆ ခုသာ တင်ဒါဝင်ရောက်ယှဉ် ပြိုင်ထား ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။” လျှပ်စစ်သုံးစွဲသူ ပြည်သူတွေ အပေါ်စေတနာထားပြီး လုပ်ငန်းကျွမ်း ကျင်တဲ့ ကုမ္ပဏီကိုပဲ ရွေးချယ်စေချင် တယ်” ဟု ပိတောက် ရွှေဝါ ရပ်ကွက်နေ ဦးအောင်စိုးက ပြောသည်။

ကော့သောင်းမြို့နယ် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူး ခြင်းရေးတင်ဒါအတွက် စက်တင်ဘာ လ ၂၅ရက်တွင် တင်ဒါ လျှောက် လွှာ စတင်ရောင်းချခဲ့ပြီး အောက်တိုဘာ ၉ ရက်နေ့တွင် ပိတ်ခဲ့သည်။