ဖမ်းမိ ငါးနှင့် ရေသယံဇာတများ ဆိပ်ကမ်းတွင် စစ်ဆေးရမည်

0
749

မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းမိသည့် ငါးနှင့် ရေသယံဇာတများကို စစ်ဆေး ရေးဂိတ်ရှိသည့် ဆိပ်ကမ်းများတွင် စစ်ဆေးမှတ်တမ်းတင်ရန် တိုက်တွန်း သည့်အဆိုကို အမျိုးသားလွှတ်တော်တွင် အောက်တိုဘာလ ၂၅ ရက်က အတည်ပြု ခဲ့သည်။

ကော့သောင်းမဲဆန္ဒနယ်မှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မျိုး ဝင်း တင်သွင်းခဲ့ပြီး အဆိုကို လျို့ဝှက် ဆန္ဒမဲပေး၍ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ဆန္ဒမဲပေးရာတွင် ဆန္ဒမဲပေးခွင့် ရှိသူ ၁၆၁ ဦးတွင် ၁၅၄ ဦးက ဆန္ဒမဲ ပေးခဲ့ကြပြီး ထောက်ခံမဲ ၁၁၉ မဲ၊ ကန့်ကွက်မဲ ၃၀ မဲနှင့် ကြားနေမဲ ငါးမဲ ရရှိခဲ့သည်။
” ငါးနဲ့ပတ်သက်ပြီးတော့ ပိုပြီးဖွံ့ဖြိုးတိုးတက်လာမယ်လို့တော့ ထင်ပါ တယ်။ တကယ်လို့ အစိုးရသာ မှန်မှန် ကန်ကန် ဖော်ဆောင်ပြီးတော့ လုပ်ဆောင် မယ်ဆိုရင်ပေါ့” ဟု အဆို အောင်မြင်ခဲ့ သည့်အပေါ် အဆိုတင်သွင်းသည့် ကိုယ် စားလှယ် ဦးခင်မျိုးဝင်းက ပြောသည်။

လက်ရှိအချိန်တွင် ငါဖမ်းလှေများမှ ငါးကို ကုန်းပေါ်တင်၍ စစ်ဆေးခြင်း မရှိဘဲ လှေဦးစီးများ၊ လုပ်ငန်းရှင်များ ပေးသည့် စာရင်းဇယားများအတိုင်းသာ စစ်ဆေးလက်မှတ်ရေးထိုးပေးနေခြင်း ကြောင့် နိုင်ငံတော်မှရရှိမည့် အခွန်အခ များ ရသင့်သလောက်မရဘဲ ဖြစ်နေ သည်ဟု ဦးခင်မျိုးဝင်းက ဆိုသည်။
ဖမ်းဆီးရရှိသည့် ငါးနှင့် ရေထွက် ပစ္စည်းများကို မှတ်ပုံတင်ထားသော ငါးတင်ငါးချဆိပ်ကမ်းပေါ်တွင် တင် ဆောင်ပြီး သေချာစိစစ်ကြပ်မတ် စစ်ဆေး ပါက ယခုရရှိနေသော အခွန်အခများ ထက် များစွာပိုမိုရရှိလာပြီး ပြည်ပပို့ကုန် တန်ဖိုးမှာလည်း များစွာမြင့်တက်လာ မည် ဖြစ်ကာ နိုင်ငံခြားဝင်ငွေမှာလည်း ပိုမိုရရှိလာမည်ဟု ၎င်းက ပြောသည်။

ငါးတင်ငါးချဆိပ်ကမ်း ပေါ်တွင် သေချာစိစစ်ကြပ်မတ်စစ် ဆေးခြင်းမရှိ သည့်အတွက် မည်သည့် ငါးဖမ်းကွက် က မည်သည့် ငါးမျိုးစိတ်များ ဖမ်းဆီး ရမိသည်၊ မည်သည့် ငါးမျိုးစိတ် များ ရှားပါးနေသည်ကိုလည်း သုတေသန မပြုလုပ်နိုင်ဟု ၎င်းက ဆိုသည်။လက်ရှိအနေအထားအရ ကမ်းဝေး ငါးဖမ်းလုပ်ငန်းတွင် ကဲ့လှေများကို နိုင်ငံခြားမပို့မီ Check Point များတွင် အစစ်ဆေးခံလျက်ရှိကြောင်း ထားဝယ် ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်သက်က ပြောသည်။

” ငါးသယ်လှေကိုသာလျှင် စစ်ဆေး ကြပ်မတ်ဖို့ လုပ်သင့်တယ်။ ငါးကို တင်ပြီး စစ်ဆေးမယ်။ ပြီးမှ ငါးသယ် လှေထဲ ထည့်မယ်ဆိုရင် လုပ်ငန်းရဲ့ သဘာဝအရ သဘာဝမကျဘူး” ဟု ဦးကျော်ကျော်သက်က ပြောသည်။ငါးကို အကြိမ်ကြိမ် အတင်အချ ပြုလုပ်ပါက ငါးအရည်အသွေးကျ ဆင်း ပြီး ဈေးနှုန်းပါ ကျဆင်းနိုင်ကြောင်း ၎င်းက ဆိုသည်။

ကုန်းပေါ်တင်စစ်ဆေးပြီး တင် သည့်ကမ်းတွင် တစ်ဆက်တည်း ရောင်း နိုင်မည်ဆိုပါက အဆင်ပြေမည် ဖြစ် သော်လည်း ငါးကို ဝယ်ယူနိုင်မည့် မြိတ် မြို့ရှိ ငါးလေလံဈေးမှာလည်း အခြေခံ အဆောက်အဦ များစွာ လိုအပ်နေသေး ကြောင်း ၎င်းက ထောက်ပြသည်။

တနင်္သာရီကမ်းရိုးတန်း တစ်လျှောက် ဖမ်းသည့် ငါးဖမ်းလှေများသည် ငါးကဲ့ လှေများဖြင့် ထိုင်းနိုင်ငံ ရနောင်းမြို့တွင် အဓိက သွားရောက် ရောင်းချကြသည်။