လာဘ်ငွေတောင်းသည့် ဦးစီးအရာရှိအား ရာထူးလျှော့၊ ပြောင်းရွှေ့

0
490

မွန်ပြည်နယ်လွှတ်တော် ဝန်ထမ်း အသစ်ထံတွင် ငွေကြေးတောင်းခံခဲ့သည့် ဦးစီးအရာရှိအား ရာထူးလျှော့ချပြောင်း ရွှေ့ပြစ်ဒဏ်ပေး အရေးယူလိုက်သည် ဟု မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ငွေကြေးတောင်းခံသည်ဟု တိုင် ကြားခံထားရသည့် အဆိုပါဦးစီးအရာရှိ ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းလုပ်ထုံးလုပ်နည်း ဥပဒေအရ စစ်ဆေးရာ တောင်းခံသည်ဟု စစ်ဆေး ပေါ်ပေါက်သည့်အတွက် အောက်တိုဘာ ၁၂ရက်က ဝန်ထမ်းဥပဒေဖြင့် အရေးယူ လိုက်ခြင်း ဖြစ်သည်။” စစ်ဆေး တွေ့ရှိချက်အရ သူက ငွေတောင်းတာပဲ ရှိသေးတယ်၊ ပိုက်ဆံမ ယူရသေးတော့ ဝန်ထမ်းဥပဒေအရ ရာထူး တစ်ဆင့်ချလိုက်ပြီးတော့ ကရင်ပြည်နယ် ကို ပို့လိုက်တယ်၊ အမိန့်ထုတ်ပြန်ချက် အရ ဒီနေ့ (အောက်တိုဘာလ ၁၆) မှာ ကရင်ပြည်နယ်ကို သွားလိုက်ပြီး၊ လျှော့ချ လိုက်တဲ့ ရာထူးက သူ့အတွက် တော် တော်နစ်နာပါတယ်” ဟု မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ပြောသည်။

အရေးယူခံရသည့် ဦးစီးအရာရှိ သည် ဦးစီးအရာရှိရာထူးမှ စီမံ (၁) သို့ ရာထူးလျှော့ချခံရကြောင်း အဆိုပါ မူလရာထူး ပြန်လည်ရရှိရန် ကာလကြာ မြင့်စွာ ကြိုးစားရမည်ဟု ၎င်းက ဆက် ပြောသည်။နိုင်ငံဝန်ထမ်းတို့သည် စုံစမ်းစစ် ဆေးမှုအရ ပြစ်မှုကျူးလွန်ကြောင်း ပေါ် ပေါက်ပါက နိုင်ငံဝန်ထမ်းဥပဒေပါ ပြစ် မှုပြစ်ဒဏ်တို့ဖြင့် အရေးယူဆောင်ရွက် ရသည်ဟု ပြည်နယ်အစိုးရအဖွဲ့ ညွှန် ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

အသစ်ခန့်အပ်ခံရသည့် လွှတ်တော် အငယ်တန်းစာရေး ၅ဦးထံမှ လွှတ်တော် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် ညွှန် ကြားရေးမှူး တို့အား ကန်တော့ရန်ဟု ဆိုပြီး တစ်ဦး လျှင် လစာနှစ်လစာနှင့် ညီမျှသည့် ငွေကျပ် ၃သိန်းတောင်းခံသည်ဆိုပြီး ဦးစီးမှူးအဆင့်ရှိ လွှတ်တော်ဝန်ထမ်း တစ်ဦးကို အရေးယူပေးပါရန် အငယ် တန်းစာ ရေးတစ်ဦးက ဇူလိုင် ၄ ရက်နေ့ လွှတ်တော်သို့ တိုင်ကြားခဲ့သည်။