ထားဝယ်ကမ်းနားလမ်း ဆိုင်ခန်းအချို့ ဖျက်သိမ်းမှု လကုန်အထိ စောင့်ကြည့်မည်

0
503

ထားဝယ်ကမ်းနားလမ်းရှိ ဆိုင်ခန်း အချို့ကို အောက်တိုဘာလ ၁၆ ရက်နေ့ မှစကာ စတင်ဖျက်သိမ်းနေပြီး ပြောင်း ရွှေ့မှု အနေအထားကို အောက်တို ဘာလကုန်အထိ စောင့်ကြည့်သွား မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသ ကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ပြောသည်။

အောက်တိုဘာလ ၁၅ရက် နောက် ဆုံးထား ပြောင်းရွှေ့ပေးရန် ပြောဆိုထား ပြီး သတ်မှတ်သည့်အချိန် လွန်နေပြီ ဖြစ်သော်လည်း ပြောင်းရွှေ့မှုကို လကုန် သည်အထိ စောင့်ကြည့်ကာ ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင် က ဆိုသည်။” လိုအချိန်မှာ မပြောင်းဘဲ ကျန် နေရင်တော့ ဥပဒေကြောင်းအရ အရေး ယူသင့်ရင် အရေးယူရမှာပေါ့” ဟု ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။

လက်ရှိအချိန်ထိ ဆိုင်ခန်းများ ဖျက်သိမ်းပြီး ပြောင်းရွေ့ပေးရန် ဆိပ် ကမ်းအာဏာပိုင်ရုံးမှ စာထုတ်ထား သည့်အတွက် ဆိုင်ခန်းအချို့ကို ဖျက် သိမ်းမှု လုပ်နေပြီး အများစုမှာ အခြေ အနေကို စောင့်ကြည့်နေကြောင်း ကမ်းနားလမ်းရှိ အသက် ၄၁နှစ်အရွယ် ရှိ သဲကျောက် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

” အစိုးရအဖွဲ့က စာထုတ်မှပဲ ထွက် ကြလိမ့်မယ် ထင်တယ်၊ အခုက ဆိပ်ကမ်း ကပဲ စာထုတ်နေတာ ဆိုတော့” ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။
ထားဝယ်ဆိပ်ကမ်းရုံးမှ မြောင်း ပုလဲ တံတားအထိ မြေနေရာတွင် ယာယီငှားရမ်းလုပ်ကိုင်နေသည့် သဲ၊ ကျောက်လုပ်ငန်းနှင့် အခြားလုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း ၄၄ဦးကို ပြောင်းရွေ့ဖျက်သိမ်းပေးရန် အကြိမ် ကြိမ် အကြောင်းကြားသော်လည်း ဖျက် သိမ်းခြင်းမရှိသည့်အတွက် မြို့နေ လူထုက လုပ်ငန်းရှင်များ တွယ်ကပ် နေသည်ဟု မြင်လာကြကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဆိုင်ခန်းများ ပြောင်းရွေ့ ပြီးပါက ထားဝယ်ဆိပ်ကမ်း သာယာ လှပရေး အကောင် အထည်ဖော်ရန်ရှိပြီး ပြည်ထောင်စု အစိုးရထံ တင်ပြထား ပြီးဖြစ်ကာ ပြည်ထောင်စုက အစီအစဉ် ရေးဆွဲခိုင်းထားကြောင်း ဝန်ကြီး ဦးကြည်လှိုင်က ဆိုသည်။

ထားဝယ်ဒေသခံ အများစုကမူ ထားဝယ်ကမ်းနားလမ်းကို အခြား မြို့များ ရှိ ကမ်းနားလမ်းများကဲ့သို့ လှပတင့်တယ် စေလိုကြောင်း ပြောဆိုမှုများရှိသည်။