စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း လုပ်ကိုင်လိုသူများကို ငွေချေးမည်

0
456

တနင်္သာရီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးဖမ်းလှေ လုပ်ငန်း လုပ်ကိုင်လိုသူများ လုပ်ငန်း အတွက် ဘဏ်တွင် ချေးငွေ ရယူလိုပါ က သမဝါယမ(CB)ဘဏ်နှင့် ချိတ် ဆက်ပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။
လုပ်ငန်းရှင်များက လုပ်ငန်းတူ ၅ ဦး၊ ၇ ဦး စုကာ ဝိုင်းကြီးချုပ်စနစ်ဖြင့် ချေးငှားရမည်ဖြစ်ပြီး ပိုင်ဆိုင်မှု အ ထောက်အထား ပြစရာ မလိုဘဲ ဝိုင်းကြီး ချုပ်အစုအဖွဲ့တွင် ပါဝင်သူ အချင်းချင်း က အာမခံရမည် ဖြစ်သည်။

” ဝါသနာတူ လုပ်ငန်းတူတွေ စုဖွဲ့၊ ဖွဲ့ပြီးရင် ငွေချေးပြီး လုပ်ကိုင်လို့ ရတာ ပေါ့၊ အပြင်မှာ ချေးတာနဲ့စာရင် အတော် ကွာတယ်လေ” ဟု ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။အတိုးနှုန်းမှာ ၁ ကျပ်ခွဲနှုန်းဖြစ်ကာ ပြန်ဆပ်ရမည့်အချိန်ကာလကို လုပ်ငန်း အမျိုးအစားအလိုက် ငွေပြန်ပေါ်မည့် အချိန်နှင့် ညှိနှိုင်းသတ်မှတ်ပေးမည်ဟု ဝန်ကြီးက ဆိုသည်။ငွေချေးလိုသည့် အစုအဖွဲ့များ အနေဖြင့် ဝန်ကြီးရုံးခန်းသို့ လည်းကောင်း၊ ထားဝယ်မြို့ ဒေါင်းငူရပ် ညောင်ပင်ကြီး လမ်းရှိ သမဝါယမအသင်းစုချုပ်ရုံးသို့ ဆက်သွယ်နိုင်ကြောင်း ၎င်းက ပြော သည်။

ငွေချေးရန်အတွက် ဖော်ပြပါရုံးများ သို့ သွားရောက် လုပ်ဆောင်ရမည့်အစား နီးစပ်ရာ ရပ်ကျေးရုံးများ၊ မြို့နယ်ရုံး များတွင် ဆောင်ရွက်ခွင့် ရမည်ဆိုက လုပ်ငန်းရှင်များ လွယ်လင့်တကူ သွား လာဆက်သွယ် လုပ်ကိုင်နိုင်မည်ဖြစ် ကြောင်း ထားဝယ်မြို့နယ် မောင်မယ် ရှောင်ရွာတွင် စပါးနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးသူ ကိုလေးဇော်က ပြောသည်။

” အတိုးက နည်းတော့ မဆိုးဘူး။ အစိုးရအဖွဲ့ရုံးတွေ ဟိုသွား ဒီသွားသွား ရမယ်ဆို စိတ်ဝင်စားမှု အားနည်း ကြ လိမ့်မယ်” ဟု ကိုလေးဇော်က ပြောသည်။
ထို့ပြင် တစ်ဦးတည်း ငွေချေးလို သော စိုက်ပျိုးရေးသမားများ အတွက် လည်း တစ်နည်းနည်းဖြင့် ဘဏ်တွင် ငွေချေးနိုင်ရန် စီစဉ်ပေးသင့်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ တိုင်းဒေသကြီး အစိုးရ သည် ထားဝယ်ခရိုင်၏ စီးပွားရေးကို စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းတို့ဖြင့် မြှင့်တင်မည်ဟု မူဝါဒ ချမှတ်ထားသည်။