တနင်္သာရီမြို့တွင် လမ်းမပေါ် ကျူးကျော်ပြီး ဈေးမရောင်းရ

0
513

မြိတ်ခရိုင် တနင်္သာရီမြို့ရှိ လမ်းမ များပေါ်တွင် ကျူးကျော်ပြီး ဈေးမရောင်း ချရန် အောက်တိုဘာလ ၁၆ ရက်နေ့က စာထုတ်တားမြစ်ထားကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းဝေက ပြောသည်။

တနင်္သာရီမြို့၏ သုခလမ်းနှင့် ဈေးလမ်းရှိ လမ်းပေါ်နှင့် ရေမြောင်း ပေါ်တို့တွင် ကျူးကျော်ပြီး ခင်းကျင်း ရောင်းချနေသည့် ဆိုင် ၃၅ ဆိုင်အား စာထုတ်ပြီး တားမြစ်ရခြင်းဖြစ်ကြောင်း စည်ပင်ကော်မတီမှ သိရသည်။”ရှောင်တခင် ဝင်စစ်ဆေးလို့ တွေ့ရင် ရုံးခေါ်မယ်”ဟု စည်ပင်ကော် မတီဥက္ကဋ္ဌ ဦးမင်းဝေက ပြောသည်။

ဈေးဆိုင်ခန်းများအနေဖြင့် မိမိ ပိုင်နက် နယ်နိမိတ်အတွင်းတွင်သာ ရောင်းချရမည်ဖြစ်ကာ လိုက်နာမှုမရှိ သော ဈေးဆိုင်များအား စစ်ဆေးတွေ့ ရှိပါက ရုံးသို့ခေါ်ယူကာ တနင်္သာရီ တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေ ပုဒ်မ(၅၆)၊ ပုဒ်မခွဲ(ဂ)အရ အရေးယူသွားမည်ဖြစ်ကြောင်း ကော်မ တီထံမှ သိရသည်။
ယင်းစည်ပင်ဥပဒေအရ ငွေဒဏ် သုံးသောင်းကျပ်မှ သုံးသိန်းကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ကော်မတီ ထံမှ သိရသည်။