ကော့သောင်းတွင် ကျွန်းခရီးစဉ်ပို့နေသည့် စက်လှေများစစ်ဆေးမည်

0
424

လာမည့်ပွင့်လင်းရာသီတွင် ကော့ သောင်းခရိုင် မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းများသို့ ခရီးသည်ပို့နေသည့် စက် လှေများကို စစ်ဆေးမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ခရီးသည်များ လုံခြုံရေးအတွက် စက်လှေလိုင်စင်၊ စက်လှေမောင်းသူ၏ လိုင်စင်များနှင့် ခရီးသည်များ၏ အ သက်အန္တရာယ်လုံခြုံရေး ဆောင်ရွက်မှု များကို အဖွဲ့စုံပါဝင်သည့်အဖွဲ့က ကွင်း ဆင်း စစ်ဆေးမည်ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။” ခရီးသည်တွေရဲ့ အသက်လုံခြုံရေး ဆောက်ရွက်မှု ဘာတွေရှိလဲ၊ ဘာတွေ လုပ်ပေးရမယ်ဆိုတာကိုပါ အဖွဲ့စုံ ကွင်း ဆင်း စစ်ဆေးသွားမယ်” ဟု ယင်းဌာန မှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။

အောင်ဘာကျေးရွာမှ မကြုံက လက်ကျေးရွာ၊ ဗိုလ်ချိုကျွန်း၊ ၁၁၅ ကျွန်းနှင့် လန်ပိကျွန်းတစ်ဝိုက် ကျွန်း ဆွယ်များသို့ ယခင်နှစ်မှစ၍ ကျေးရွာ အတွင်းရှိစက် လှေများငှားရမ်းကာ ခရီးသည် ပို့ဆောင်ခဲ့ကြောင်း ခရီးသွား ကုမ္ပဏီအချို့ထံမှ သိရသည်။

“အောင်ဘာကျေးရွာကနေပြီး တစ် ကျွန်းနဲ့ တစ်ကျွန်းကို ခရီးသည်တင် ဆောင်သွားလာခွင့် ရထားတာကတော့ စက်လှေ ၄စီးပဲရှိပါတယ်၊ ကျွန်တော် တို့ လှေတွေကိုပဲ ခရီးသွား ကုမ္ပဏီ တွေက ငှားရမ်း အသုံးပြု ကြတာပါ”ဟု အောင်ဘာကျေးရွာမှ စက်လှေမောင် သူ ကိုစိုးဝေက ဆို သည်။
ကျွန်းခရီးစဉ်များကို ကော့သောင်း မြို့ မြို့မတံတားမှ အမြန် ရေယာဉ်၊ ရွက်လှေ စသည်တို့ဖြင့် လည်းပို့ဆောင် လျက် ရှိသည်။