ထားဝယ်တွင် ကလေးစာဖတ်ခန်း ပြောင်းဖွင့်

0
535

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးအတွင်း ဖွင့်လှစ်ထားသည့် ကလေး စာဖတ်ခန်း ကို ယခင် ဝန်ထမ်းသက်သာချောင်ချိ ရေး ငါးခန်းတွဲ ဆိုင်ခန်းနေရာသို့ အောက်တိုဘာလ ၁၆ ရက်နေ့က ပြောင်းရွှေ့ ဖွင့်လှစ်လိုက် ကြောင်း အဆိုပါ ရုံးထံမှ သိရသည်။

ယင်းစာဖတ်ခန်းတွင် ကလေးများ စိတ်ဝင်စားမည့် ရွှေသွေး၊ တေဇဂျာနယ် များ၊ ပုံဆွဲစာအုပ်များ စသည်ဖြင့် စာအုပ် ၇မျိုးခန့် ထားရှိမည် ဖြစ်ပြီး တနင်္လာ နေ့မှ စနေနေ့အထိ တစ်ပတ်ခြောက်ရက် ဖွင့်လှစ်မည်ဟု ခရိုင် ပြန်^ဆက်ရုံးမှ ဦးစီးအရာရှိ ဒေါ်လှလှမြင့်က ပြောသည်။

” ယနေ့လူငယ် နောင်ဝယ်လူကြီး ဖြစ် လာမယ့် ကလေးတွေကို စာကြည့် တိုက်တွေဆီ ရောက်အောင် ပို့ပေးသင့် တယ်” ဟု ဒေါ်လှလှမြင့်က ပြောသည်။
အစိုးရဌာနများတွင် ဝန်ထမ်း သက်သာဆိုင်များ ဖွင့်ခွင့်မပြုတော့ သဖြင့် ယင်းဆိုင်ခန်းနေရာလပ်ကို ကလေးများအတွက် သီခြား စာဖတ်ခန်း အဖြစ် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။