ပလောက်တွင် အရက်မူးပြီး ဆဲဆိုရာမှ လူသတ်မှုဖြစ်ပွား

0
456

ပလောက်မြို့၊ ပြည်ခြားကျေးရွာ အုပ်စု၊ ကထောင်းနီ ကျေးရွာရှိ ယာတဲ တစ်ခုအနီးတွင် အရက်မူးပြီးဆဲဆိုရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ပလောက် နယ်မြေရဲစခန်းထံမှ သိရသည်။

ကထောင်းနီကျေးရွာရှိ ယာတဲ တစ်ခုအနီးတွင် ကျွဲကျောင်းရန်ရောက် ရှိနေသော ပြင်ဘုကြီး ကျေးရွာနေ အသက် ၆၂နှစ်အရွယ် အမျိုးသားက ငါးဖမ်းပိုက်ဖြုတ်ရန် ရောက်ရှိနေသော ပြည်ခြားကျေးရွာနေ အမျိုးသားတစ်ဦး အား ၎င်း၏ကျွဲနွားများ လန့်ပြေးအောင် လုပ်သည်ဟုဆိုကာ အရက်မူးပြီး ဆဲဆို ခဲ့ကြောင်း အထက်ပါ ရဲစခန်းထံမှ သိရသည်။

ယင်းသို့ ဆဲဆိုခြင်းကြောင့် စကား များကြ ရန်ဖြစ်ရာမှ ငါးဖမ်းပိုက်ဖြုတ် သူမှ ကျွဲကျောင်းနေသူအား အရိုး ၉ လက်မ၊ အသွား ၁၄ လက်မ ခန့်ရှိ ဓားဦး ချွန်ဖြင့် ထိုးသဖြင့် ကျွဲကျောင်းနေသူ အမျိုးသားတွင် ဓားဒဏ်ရာများ ရှိကာ သေဆုံးသွားကြောင်း ယင်းရဲစခန်း၏ မှတ်တမ်းတွင် ဖော်ပြသည်။
အဆိုပါကျွဲကျောင်းသည့် အမျိုး သားတွင် ယာဘက်နံရိုးအောက် ထိုး သွင်းဒဏ်ရာ ၁ ချက် (အူထွက်ကျ)၊ ဝဲဘက်နံရိုးအောက် ထိုးသွင်းဒဏ်ရာ ၁ ချက် ရရှိကာ သေဆုံးသွားကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဓားနှင့်ထိုး သူ အမျိုးသားအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူ ဆောင် ရွက်လျက်ရှိကြောင်း ပလောက်နယ် မြေရဲစခန်းမှ သိရသည်။