ကော့သောင်းခရိုင်အတွင်း သစ်ထုတ်လုပ်ရေး ငါးနှစ် ရပ်နားထား

0
430

ကော့သောင်းခရိုင်အတွင်း သစ် ထုတ်လုပ်ခြင်းကို မြန်မာ့သစ်လုပ်ငန်းမှ ၅နှစ် ကြာရပ်နားထားကြောင်း ခရိုင် သစ်တော ဦးစီးဌာနထံမှ သိရသည်။
သစ်ကို မြန်မာ့သစ်လုပ်ငန်းကသာ ထုတ်လုပ်ခွင့်ရှိပြီး ကော့သောင်းခရိုင် အတွင်း ၂၀၁၆-၂၀၁၇ခုနှစ် မှ စတင် ရပ်နားထားကြောင်း အထက် ပါဌာနထံ မှ သိရသည်။

” အခုအစိုးရလက်ထက်မှာ သစ်တော တွေကိုပြန်လည် ထိန်းသိမ်း ကာကွယ်ဖို့ သစ်ထုတ်လုပ်တာတွေကို ယာယီနားခိုင်း ထားတာပါ” ဟု ကော့ သောင်းခရိုင်သစ် တောဦးစီးဌာနမှခရိုင် လက်ထောက်ညွှန် ကြားရေးမှူး ဦးအောင်မိုးက ဆိုသည်။

ကော့သောင်းခရိုင်အတွင်း သစ်တော ကြိုးဝိုင်း ၃ခု ရှိပြီး သစ်တော ဧရိယာ ၇ သိန်း ၉ သောင်း ဧက၊ ကြိုးပြင် ကာကွယ် တော ၄၆၀၀၀ ဧကနှင့် ထိန်းသိမ်းဧရိယာ ၁ ခု ဖြစ်သည့် လန်ပိ အမျိုးသားအဏ္ဏဝါ ဥယျာဉ်တွင် သစ်တော ဧက ၅ သောင်းရှိကြောင်း အထက်ပါ ဌာနထံမှ သိရသည်။