ဝါးအလယ်ကျွန်း အပန်းဖြေ စခန်းအတွက် ကျွန်းပေါ် သစ်မခုတ်ဟုဆို

0
659

အာဆီယံအမွေအနှစ် ထိန်းသိမ်းဇုန် တစ်ခုဖြစ်သည့် လန်ပိအမျိုးသားအဏ္ဏဝါ ဥယျာဉ် ဧရိယာထဲအတွင်းရှိ ဝါးအလယ် ကျွန်းတွင် သဘာဝအခြေခံ ခရီးသွား အပန်းဖြေစခန်း ဆောက်လုပ်ရန် ကျွန်း ပေါ်ရှိသစ်များကို တစ်ပင်မျှ ခုတ်မည် မဟုတ်ကြောင်း လုပ်ကိုင်ခွင့်ရထား သည့် ကုမ္ပဏီ၏ တာဝန်ရှိသူက ပြောသည်။
ဝါးအလယ်ကျွန်းသည် ကော့ သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ရှိ လန် ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်အတွင်း ရှိ ကျွန်းပေါင်း ၃၀အနက် တစ်ကျွန်း အပါအဝင်အပြီး ဧက တစ်ထောင် ကျယ် ဝန်းသည်။

ယင်းအနက် ဧက ၁၅၀ တွင် သဘာဝအခြေခံ ခရီးသွားအပန်းဖြေစခန်း ဆောက်လုပ်ရန် Benchmade Asia ( Myanmar ) ကုမ္ပဏီက နှစ်ပေါင်း ၅၀ လုပ်ကိုင်ခွင့်ရထားပြီး ယခုနှစ် အတွင်း ဘန်ဂလိုများကို စတင်ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

” အဆောက်အအုံ ဆောက်ဖို့အတွက် ကျွန်းပေါ်က သစ်တစ်ပင်ကိုတောင် မခုတ် ပါဘူး၊ အကုန်လုံးကို သစ်အဟောင်း (အခြားနေရာက သစ်အဟောင်း)တွေနဲ့ပဲ ဆောက်လုပ် သွားမယ်” ဟု အထက်ပါ ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးအောင်ဇင်လတ် က ဆိုသည်။ကျွန်းပေါ်ရှိသစ်ပင်၊ သားရဲ တိရစ္ဆာန်၊ ကုန်းနေရေနေ သတ္တဝါများ ထိခိုက်ပျက်ဆီးမှုမရှိစေရန်အတွက် အတတ်နိုင်ဆုံး ဦးစားပေး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

” သဘာဝ အခြေခံခရီးသွားလုပ် မယ်ဆိုရင်လည်း ခရီးသွား ကုမ္ပဏီတွေ အနေနဲ့ လန်ပိကျွန်း အနီးအနားမှာရှိတဲ့ ဆလုံလူမျိုးတွေကို စီးပွားရေး ပြယုဂ် တစ်ခုအနေနဲ့ သဘောမထားဘဲ၊ ဆလုံ လူမျိုးတွေရဲ့ ဘ၀မြင့်တင်ရေးတွေကိုလည်း လုပ်ပေးနိုင်သလောက် လုပ်ပေးဖို့လည်း စဉ်းစားပေး စေချင်တယ်” ဟု မကြုံက လက် ကျေးရွာနေ ဦးမောင်ထွေးက ဆိုသည်။

ဝါးအလယ်ကျွန်းကို ၂၀၁၅ခုနှစ် တွင် သစ်တောဦးစီးဌာနက လေလံခေါ် ယူခဲ့ခြင်း ဖြစ်ပြီး နြညခာ့adန ဗျငa (ပြညောမေ) ကုမ္ပဏီလီမီတက်မှ လေလံအောင်ခဲ့ကြောင်း ကုမ္ပဏီထံမှ သိရသည်။