ပွင့်လင်းရာသီ လေကြောင်းလိုင်း အခက်အခဲရှိမည်ကို ခရီးသွားကုမ္ပဏီများ စိုးရိမ်

0
392

ယခုနှစ် ပွင့်လင်းရာသီတွင် ကော့ သောင်းဒေသ မြိတ်ကျွန်းစုများသို့ လာ ရောက်မည့် ခရီးသွားများအတွက် လေ ကြောင်းလိုင်း အခက်အခဲရှိမည်ကို ခရီး သွားလုပ်ငန်းများက စိုးရိမ်လျက် ရှိသည်။

ပွင့်လင်းရာသီကို ရောက်နေပြီ ဖြစ်သော်လည်း ရန်ကုန်-ထားဝယ် -မြိတ်-ကော့သောင်း ခရီးစဉ်ကို မြန် မာ့လေကြောင်းလိုင်းတစ်ခုသာ ပြေးဆွဲ လျက်ရှိခြင်းကြောင့် စိုးရိမ်နေကြခြင်း ဖြစ်သည်။” ကားလမ်းနဲ့ လာဖို့ဆိုတာက လည်း ခရီးသည်အတွက် အချိန်အများ ကြီး ပေးနေရတာမို့ အဆင်မပြေနိုင်ဘူး” ဟု ကော့သောင်းမြို့မှ Coral fish ခရီးသွား ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဖြိုးက ပြောသည်။

ပြီးခဲ့သည့် သီတင်းကျွတ်ကာလ ရုံးပိတ်ရက်က ကော့သောင်းသို့ လာရောက် လည်ပတ်ရန် ခရီးသည်ရသော်လည်း လေယာဉ်အခက်အခဲကြောင့် ခရီးစဉ်များ နောက်ဆုတ်ခဲ့ရသည် ဟု ဦးအောင်ဖြိုးက ဆိုသည်။

ယခင်နှစ်များက ပွင့်လင်း ရာသီ တွင် လေကြောင်းလိုင်း ငါးလိုင်း ခန့် ပြေးဆွဲခဲ့ကြောင်း ပုလဲဧကရီ လေယာဉ် လက်မှတ် အရောင်းဋ္ဌာနထံမှ သိရ သည်။