ဘာသာပေါင်းစုံအသင်း အဆောက်အအုံ ၇၅ ရာနှုန်းပြီးစီး

0
494

ထားဝယ်မြို့တွင် တည်ဆောက် နေသည့် တိုင်းဒေသကြီး ဘာသာပေါင်း စုံ ချစ်ကြည်ညီညွတ်ရေး အသင်း အဆောက်အအုံ တည်ဆောက်နေမှု ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် အသင်းဥက္ကဋ္ဌ ထံမှ သိရသည်။

အဆောက်အအုံ ပြီးစီးပါက လက်ရှိ ကျင်းပနေသော ဘာသာပေါင်းစုံ ဆုတောင်းပွဲမျိုးနှင့်တကွ ဘာသာ ပေါင်းစုံ အစည်းအဝေးများ၊ တွေ့ဆုံပွဲများနှင့် ဘာသာတစ်ခုချင်းစီမှ အထိမ်း အမှတ် အခမ်းအနားများ ပြုလုပ်ကာ ဘာသာ ပေါင်းစုံအား ဖိတ်ကြားခြင်းမျိုးများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောသည်။

” (ဘာသာရေးနဲ့ပတ်သက်ပြီး) အများနဲ့ သက်ဆိုင်တဲ့ နေရာလေး တစ်နေ ရာ ဖြစ်အောင်လို့ ကျွန်မတို့က လုပ်ပေး တာပါ”ဟု ဒေါက်တာလဲ့လဲ့ မော်က ပြောသည်။

ဘာသာပေါင်းစုံ အသင်း အဆောက် အအုံကို ယခင် အစိုးရ လက်ထက် ကတည်း က တည်ဆောက်ရေး လုပ်ငန်းများ စတင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ရပ်နား ထားကာ ယခုအစိုးရ လက် ထက်တွင် ဆက်လက် ဆောက်လုပ် နေခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။

ယင်းအဆောက်အအုံ ပြီးစီးပါက ” အိဒ်” အခမ်းအနားကဲ့သို့သော ဘာသာ ရေး အခမ်းအနားများကို ဗလီများတွင် ကျင်းပစရာ မလိုတော့ဘဲ ယင်း အဆောက် အအုံတွင် ကျင်းပကာ အခြား ဘာသာဝင် များကိုပါ ဖိတ်ကြားနိုင်တော့မည်ဖြစ်၍ ကြိုဆိုကြောင်း အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည့် ထားဝယ်မြို့ ပိန္နဲတော ရပ်မှ ကိုအောင် မာန်က ပြောသည်။

” အရင်က ဘာသာရေးပွဲတွေကို ကိုယ့်ဘာသာအလိုက် ဗလီတွေ ဘုရား ကျောင်းကန်တွေမှာ ကျင်းပရတော့ အခြားဘာသာဝင် တွေ တက်ရောက်ဖို့ အခက်အခဲ ရှိတာပေါ့၊ ခုဆို ဒီ အဆောက် အအုံ ပေါ်လာတော့ ဘာသာပေါင်းစုံ တွေ့ဆုံဖို့ လွယ်ကူသွားတာပေါ့”ဟု ကိုအောင်မာန်က ပြောသည်။
ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး အသင်း အဆောက်အုံကို ထားဝယ်မြို့ ကမ်းနားလမ်း၊ တိုင်း ဒေသကြီး ယဉ်ကျေးမှုပြတိုက် အနီးတွင် တည်ဆောက်လျက်ရှိသည်။