ဂျင်း

0
816

ဂျင်းဇာတ်လမ်းအစ
အရေးပေါ်လူနာတင်ယာဉ် ဝါယာ လက် မီးတန်း လက်လက်နှင့် ” ဝီဝီ” မြည်ကာ အရေးပေါ် ဆင်ဝင်အောက် အရောက် ကိုယ်တွေဘက်ကလည်း အားလုံးအသင့် ပြင်ကြရပါသည်။

” Drill (သွေးအညစ်အကြေးများ မပေရန် ပလတ်စတစ်စ ခင်းခြင်း) ခင်း ထား၊ အသက်ကယ် ပစ္စည်းတွေ အသင့် ပြင်ထားကြ” လို့ ပြောရင်း လူနာလက်ခံ ဖို့ ပြင်နေချိန် တစ်ချိန်တည်းမှာ အရေး ပေါ်ကားမှ ပရဟိတ ညီအစ်ကို တွေက ပုံစံတကျ လူနာကို သယ်ယူ ရွှေ့ပြောင်းပြီး အသက်ကယ်ခန်းထဲ ပို့လာသည်။
Airway, Breathing Check (အသက်ရှူလမ်းကြောင်းဖွင့်၊ လိုအပ် လျှင် အောက်ဆီဂျင်ပေးထား)၊ Circula tion (သွေးလှည့်ပတ်မှု)အတွက် လိုင်း ဖွင့်ပြောရင်းက တစ်ဆက်တည်း လူနာ ကို စစ်ဆေး၊ ကုသရသည်။ လူနာက အသက် ၁၆နှစ်ခန့်၊ သတိမရသလို ဖြစ်နေသည်။ တက်ချက်လျက်။
“Random Blood Sugar Check (သွေးအတွင်း အချိုဓာတ် စစ်ဆေးခြင်း ပြုလုပ်ပါ)” ပြောရင်းက အသေးစိတ် စမ်းသပ်စစ်ဆေးရသည်။ လူနာဆီက အရက်နံ့က ထောင်းခနဲ။

” Injection Thiamine plus 25% Glucose intravenous (အကြော ထဲသို့ ဆေးသွင်းခိုင်းခြင်း) ပေးမယ် “ပြောလည်းပြော၊ တစ်ကိုယ်လုံး ဒဏ်ရာ တွေ ရှိ / မရှိ စစ်ဆေးသည်။ မတွေ့။ မျက်စိသူငယ်အိမ် စစ်ဆေးတော့လည်း ပုံမှန်။” နဃွ ဃ့နခု ပါဦး”ပြောရင်းက လိုက်ပို့သူတွေထံမှ ရာဇဝင် ရယူသည်။ လမ်းဘေးမှာ တက်ချက်ပြီးလဲနေလို့ ခေါ်လာတာတဲ့။ စစ်ဆေးတော့ ECG လည်း ကောင်းသည်။ သတိမရတော့ မဖြစ်နိုင်။ သည်အသက်အရွယ်မှာ ထိခိုက်ဒဏ်ရာက လွဲလျှင် ကျန်တာ ဖြစ်ဖို့ နည်းသည်။

သည်တော့ သည်ကောင်လေး ဖြစ်နိုင် ခြေက SRD(Stress Reaction Disease ) ဖြစ်ဖို့ များသည်။ ပညာခန်း သုံးပြီး ရင်ညွန့်ရိုးနေရာကို ခပ်သာသာ ဖိကာ အိပ်ချင်ယောင်ဆောင်နေတာ နှိုး ယူရသည်။ အဲသည်တော့မှ သကောင့် သား ဟန်မဆောင်နိုင်တော့ဘဲ အင့်ခနဲ အသံပြုလျက် နှိုးချင်ယောင် ပြုသည်။
” သားရေ၊ မျက်လုံးဖွင့်ဦး။ နာမည် ဘယ်လိုခေါ်သတုန်း။” ဆိုတော့ . .

နားဝေတိမ်တောင်ယောင် နားမလည် ချင် ယောင်ဆောင်သည်။ သေချာမေး တော့မှ သူ့ရာဇဝင် သိရသည်။
ယိုးဒယားမှာ တရားမဝင်အလုပ် သမားတွေကိုဖမ်းတော့ သည်ကောင်လေး အဖမ်းခံရပြီး ထောင်ကျသည်။ ထောင် ကလွတ်ချိန် နယ်စပ်ကို နှင်လွှတ်တော့ သူသည်ဘက် ပြန်ရောက်လာသည်။ သူ့ဇာတိက သရက်ချောင်းက ရွာတစ်ရွာ၊ အဲသည်ကို ပြန်ပေမဲ့ မိဘက မရှိတော့၊ အဒေါ်နဲ့ နေသည်။ အလုပ် လက်ကြော မတင်း၊ အရက်ချည်း သောက်ပြီး အဒေါ် ဆီက ပစ္စည်းခိုးတာ မိတော့ အဒေါ်က နှင်ချသဖြင့် လေလွင့်ရင်း မြိတ်ရောက် လာသည်။ အရက်သောက်လိုက်၊ တောင်းစားလိုက် အဲသလို ဟန်ဆောင် တက်ချက်ပြလိုက်နှင့် ယခုလို ဆေးရုံ ရောက်လာခြင်း ဖြစ်သည်။ အဲသည်တော့ ဆေးကုသပေးပြီး သူ့လူမှုကိစ္စအတွက် ဆေးလူမှု ဆက်ဆံရေးလက် အပ်လိုက် သည်။ ဘုန်းကြီး ကျောင်းတစ်ကျောင်းသို့ အသေအချာအပ် ပေးခဲ့ပါသတဲ့။

အမွှေဂျင်း
နောက်နေ့ နောက် ပရဟိတအဖွဲ့ တစ်ခုက ဆေးရုံသို့ သည်ကောင်လေးကို ပြန်တင် လာပြန်သည်။
သည်တစ်ခါတော့ ကျွန်တော်တို့ သိသွားပြီ။

သူ့ကို နှိုးသည်။ ထလာသည်။ အပ်ပေးသည့် ဘုန်းကြီးကျောင်းမှာ ကောင်းကောင်းမနေ အရက်သောက် မှောက်ပြန်နေပြီး ထွက်လာသည်။ လမ်း မှာ တွေ့သမျှ အရက်ဖိုးတောင်းသောက် ကာ ထမင်းစားချင်သည့်အခါ တက်ချက် ယောင်ဆောင်သည်။ လဲချင်ယောင် ဆောင်သည်။ အကြောင်း မသိသူတွေက ဆေးရုံပို့တော့ ဆေးရုံရောက်လာသည်။ ဆေးရုံမှာ ကိုယ်နဲ့တွေ့တော့ သူထပ် မတက်မချက်တော့၊ သတိချက်ချင်း ရသွားတော့သည်။
” အားဆေးတစ်လုံး ထိုးပေးပါ ဆရာရယ်” လို့တော့ သူက ဆိုသည်။

အရက်က မူးနေသည်။ ထားတော့ ဆေး ကုပေးပြီး၊ ဆေးလူမှုနှင့် ပြန်အပ်ပေး သည်။ ကြက်ခြံတစ်ခြံက အဒေါ်ကြီး က သူ့ကို အလုပ်ပေးသည်လို့ သိရ သည်။ အလုပ်လက်ကြော မတင်းတော့ သုံးရက် မခံ။ အလုပ်က ထွက်သွားပြန်သတဲ့။

ပြဿနာဂျင်း
တစ်ရက်အကြာ အဲသည် ဂျင်း ကောင်လေး ထပ်ရောက်လာသည်။ သည်တစ်ခါ တော့ ဆေးမထိုးပေးတော့။ ဆေးရုံသို့ လမ်းကြုံရောက်နေသော ဒုရဲအုပ်ကို အပ်လိုက်သည်။ အဲသည် ဒုရဲအုပ်ကို သူက ပြန်ပြောသည်။”ကျုပ်ကို လာမခြောက်နဲ့၊ ကျုပ်မ ကြောက်ဘူး” ဆိုပြီး ဒရွတ်တိုက်လိုက် သွားရင်း လူနာလက်ခံ ကုသနေရာရှေ့ လူပုံအလယ်မှာ တက်ချက်ယောင် ဆောင်ပြီး ကြောက်သေးပါ ပေါက်ချ သဖြင့် ကိုယ်က ပြေးပွေ့ရသည်။ ကိုယ့် ဂျုတီကုတ်ပါ သူ့သေးတွေ ပေသလူးလို့။ အခန်းထဲ ပြန်ခေါ်ပြီး

“ဟေ့ကောင်လေး၊ မင်းအတွက် အချိုရည် တိုက်မယ်။ ပြဿနာ မရှာစမ်း နဲ့၊ အေးဆေးပြန်ကွာ”လို့ ပြောဆို တောင်းပန်ပြီးလမ်း စားစရိတ်အဖြစ် ငွေ ငါးရာပေးပြီး ပြန်ခိုင်းယူရသည်။နှစ်ရက်မကြာ အဲကောင်လေး အဲသလို အနေအထားနှင့် ထပ်ရောက် လာတော့ ကိုယ်ကပဲ ပြောလိုက်သည်။
“မင်းကိုရဲ လက်အပ်မယ်။ မင်းဘာ သာမင်းပြန်ရင် ပြန်ကွာ” ဆိုတော့ ကိုယ့်မြင်တာနဲ့ သူ့အကြောင်းသိဆိုတော့ သူပြန်သွားသည်။

သူဒုက္ခပေးပုံက ဆေးရုံရှေ့ လူများ များ နေရာအရောက် သူတက်ချက်ပြီး လဲကျပြသည်။ လူနာလာကြည့်သော တက္ကသိုလ်ကျောင်းသားတွေ ခြေ၊ လက် လေးချောင်း တစ်ယောက်စီ “ဆွဲမ” လို့ ဆေးရုံထဲပြန်လာ ပို့ကြသည်။ လာပို့ သူတွေကို ရှင်းထုတ် ကျေးဇူးစကားဆိုပြီး ပြန်လွတ်ရသည်။ ပြီးမှ ကုတင်ပေါ်က ဂျင်းလေးကို နှိုးသည်။ သူကိုယ့် မြင်တာ နဲ့ သူချက်ချင်း သတိရသည်။ ကိုယ်က ရင်ညွန့်ရိုးကို ဖိလျှင် သူနာသည်ကိုး။

” ကောင်လေးရေ၊ မင်း ငါတို့ကို လာလာ ပြီး ဒုက္ခမပေးနဲ့ကွာ” လို့ သာသာ ပြောတော့ သူပြန်သွားသည်။ဟိုး . . ဆေးရုံရှေ့ရောက်တော့ လူစုစုမှာ အဲသလို လဲကျယောင်ဆောင် ပြန်သည်။ သည်တစ်ကြိမ်တော့ ရဲတပ် ဖွဲ့နေ့ သွေးလာလှူသော ရဲတပ်သားတွေ အဲသည် ဂျင်းကောင်လေးကို အရေးပေါ် အသက် ကယ်ပြုစုပေးပြီး သယ်လာပေး ပြန်သည်။

“မောင်မင်းကြီးသားရေ၊ ငါဆေး လည်း ထိုးပေးမယ်၊ အရက်ဖိုးလည်း ပေးပါ့မယ်၊ ပြန်ပါကွယ်” လို့ တောင်း ပန်ပြီး ပြန်လွှတ်ရသည်။ ရဲမှူးဆီကလည်း ပိုက်ဆံတောင်း သွားသေးသတဲ့။

ပရဟိတတွေ မိတဲ့ ဂျင်း
ကြားမှာ နောက်ထပ် အကြိမ်ကြိမ်သူ ရောက်လာသေးသည်။ မြို့ပေါ်က ပရဟိတအဖွဲ့တွေကို သည်ကောင်လေး အကြောင်း ပြောပြဖြစ်သည်။ တစ်နေ့က လည်း နောက်လယ်တံတားမှာ ရေထဲခုန် ချမလို လုပ်နေလို့ ကယ်ဆယ်ပြီး ဆေး ရုံ လာပို့သတဲ့။သူ့အကြောင်း ရှင်းပြပြီး သူ့ဓာတ်ပုံ တွေ ရိုက်ထားပြီး မြို့ပေါ် ပရဟိတတွေ အချင်းချင်း အသိပေးကြသည်။ သည် ကောင်လေးရဲ့ ဂျင်းမထိဖို့ သတိထားကြ ရင်း တာဝန်ကျဆရာဝန်ကို အဲကောင် လေးလာလျှင် ဆေးလူမှုဆက်ဆံရေးနဲ့ အပ်ပေးပါကွာလို့ပဲ ပြောထား ဖြစ်သည်။

သိသိနှင့် အမိခံလိုက်ရလေသော ဂျင်း
အဲရှစ်ကြိမ်မြောက် သူပြန်ရောက် လာ ချိန်မှာတော့ ကိုယ်ပါ ဂျင်းထိတော့ သည်။
အဲသည်မနက်က ခါတိုင်းလိုပဲ အလုပ် တွေ ရှုပ်လို့ အရေးပေါ်လူနာတွေနှင့် ရှုပ်ရှက်ခတ်နေချိန် သူရောက်လာသည်။
ထုံးစံအတိုင်း စစ်ဆေးကုသပေးပြီး ဆေးလူမှုကို အပ်ပေးသည်။ အဲသည်မှာ သေးပေါက်ဖို့ဆိုပြီး ဆေးလူမှုအခန်းမှ ထွက်ကာ ဆေးရုံဝရန်တာထက် တက်ပြီး ခုန်ချ သတ်သေတော့မယ့် ယောင်ဆောင် သည်။ လူတွေ စုပြုံသွားသလို ဆေးရုံ အုပ်ကြီး အပျိုကြီး မမတို့အပြင် သူနာ ပြုအုပ်၊ သူနာပြု ဆရာမကြီးတွေပါ မနေသာ ကယ်ဆယ်ဖျောင်းဖျကာ အဲဂျင်း ကောင်လေး ကို ကိုယ့်အရေးပေါ်ခန်းသို့ ခေါ်လာ ပြန်သည်။ ကိုယ်တွေ ကသိထား ပြီးပြီ ဆိုတော့ သူတို့လို အသည်းအသန် တော့ ပျာယာ မခတ်မိ။

” ဆရာ၊ ဆရာ”

” ခင်ဗျား ”

” အဲသည်မှာ အရေးပေါ်လူနာ၊ အမြန်လာ ကြည့်ပေး”

ဆေးရုံအုပ် အပျိုကြီးမမကဆိုလာ တော့ မနေသာ။
” မမ၊ အဲသာ ဂျင်းကောင်”
” ဟဲ့ ၊ လျှာမရှည်နဲ့ လာကြည့်ဆို လာကြည့်။ မင်းက လူနာကို လာမကြည့် ဘဲ ပြောမနေနဲ” လို့ မာန်ရင်း ကိုယ့်ကို သူက အာဏာစက်နဲ့ဆိုတော့ ကိုယ့်မှာ ငြင်းမရ၊ ရှင်းပြလို့ကလည်း မရ။

အပျိုကြီးမမ အဲသည် ဂျင်းကောင် လေးအပေါ် အကြင်နာ သဒ္ဓါ့စိတ်တွေ ယို ဖိတ်ကာ ကိုယ်ပြောပြတာ သူနားမဝင်။
” ဟိုလေ၊ မမအဲသည် ဂျင်းကောင် ကလေ . . . ”

” ဪ၊ လျှာရှည်ရန်ကော၊ လာ ကြည့်ပြီး ဆေးလေး ဘာလေး ကုပေး၊ နဃွ ဆွဲပေး” လို့ ခပ်မာမာဆိုတော့ ကိုယ့်မှာ နင့်ခနဲ။ ကိုယ်တော့ ဂျင်းထိပြီ။
စိတ်ဆိုးပြီး ဂျင်းကောင်လေးဘက် လှည့်ကြည့်တော့ သကောင့်သားက သူ့ကို ပွေ့ထားတဲ့ အပျိုကြီး မမရင်ခွင် ထဲက အငြိမ့်သား။ ခွီးခနဲ ဒေါသထွက်နေ ချိန် အဲဂျင်းကောင်လေးက အပျိုကြီး အလစ်မှာ ကိုယ့်ကို မျက်စပစ်လျက် လျှာ ထုတ် ပြသည်။ စိတ်တိုပြီး လက်နဲ့အရွယ် မှာ အပျိုကြီး မမကိုယ့်ဘက် အလှည့်နဲ့ တိုးသည်။

“ဟဲ့ကောင်လေး၊ ငါပြောနေတာ နားမ လည်ဘူးလား၊ လူနာကို လက်နဲ့ တောင် မထိပါနဲ့”လို့ မာန်မဲပြီးဆူတော့ ကိုယ့် မှာ ခံရပြန်သည်။ အဲဂျင်းကောင် တော့လား။ သိသိနဲ့ အထည့်ခံရလေသော ဂျင်းမိသည့် အဲသည်နေ့ကို ကျွန်တော် မမေ့ပါလေ။

နောက် အကျိုးအကြောင်းရှင်းပြလေ တော့မှ
” မမ အဲကောင်လေးကို အသေ အချာသတိပေးလိုက်ပြီ သိလား၊ ဆရာ တို့ဆီ နောက်လာရှုပ်ရင် ၁၀၉ ^၁၁၀နဲ့ စွဲပြီး ငှက်အော်စမ်းပို့ပစ်မယ်လို့ ပြော လိုက်တာ နားထောင်ရှာတယ်သိလား” လို့ မမအပျိုကြီးက ကိုယ့်ပြန်ချော့ရင်း အားတက် သရောပြောရှာသည်။ နောက်ဆက် ပြောတာက အာ့ဂျင်း ကောင်လေးကို ခရီးစရိတ် နှစ်ထောင်တော့ ပေးလိုက်ရ ရှာပြန်သတဲ့။

ဆက်မွှေသော ဂျင်း
နောက်နေ့ နေ့လယ်ကျွန်တော် ထမင်း စားပြီးအပြန် လူနာတင်ယာဉ်က လူနာ တစ်ယောက်ကို အရေးပေါ် ခန်းမှာ အမြန်ချပြီး သုတ်တိုက် မောင်းထွက် သွားသည်။ ပြည်တော်သာ တံတားမှာ လူသူ စိတ်ဝင်စားအောင် လုပ်ပြီး တက် ချက်နေလို့ သူတို့ ခမျာဂျင်းမှန်းသိသိနဲ့ လာပို့ကြရရှာတာ၊ မပို့ပေးပြန်ရင် ဖေ့စ်ဘွတ် အတင်ခံရမယ်ဆိုတာ ကြောင့် သာ ဆေးရုံလာ ပို့ကြရတာ။ ကိုယ့်မြင် တော့ အားနာနာနဲ့ ပြေးကြရော။ ကိုယ်က သည်ဘက်က ဝင်တော့ အဲဂျင်းကောင် လေးက ကုတင်ပေါ်မှာ သတိလစ် ယောင် ဆောင်လို့။

“ဟေ့ကောင်၊ မင်းခဏစောင့်နော်။ ငါ မမဆီ ဖုန်းဆက်ပြီး မင်းကို ငှက်အော် စမ်း ပို့ဖို့ကိစ္စ ဆက်လုပ်မယ်” ဆိုတာနဲ့ အဲ ဂျင်းကောင်လေး ထွက်ပြေးပါလေရော လား။

ဂျင်း အနာဂတ်အတွက် စဉ်းစား ကြခြင်း
အမှန်တော့ အဲကောင်လေးပြဿနာ ကျွန်တော်တို့တွေ ဝိုင်းအဖြေရှာကြဖို့ သင့်ပါ၏။ လူကယ်ပြန်တို့လို ဌာန တွေနဲ့ ချိတ်ဆက် ပြောပြလေတော့လည်း သူတို့မှာ ဘတ်ဂျက်နဲ့ အစီအမံတွေ မရှိသေးလေတော့ ခက်ပါသတဲ့လေ။ကိုယ်တွေဘက်ကတော့ ကုသရေးအလုပ် တွေကြားက သည်လိုအဖြစ်တွေကို ဝဋ်ရှိသရွေ့ခံရင်း လုပ်သင့်တာ လုပ်ပေး နေရတာအမြဲ။

အကယ်၍သာဆိုပြီး ဆက်လို့ စဉ်းစား ကြလျှင်ဖြင့် အဲသည် ကောင်လေး ရဲ့ ပြဿနာကိုသာ တစ်စုံတစ်ယောက်က ဓာတ်ပုံရိုက် ဖေ့ဘွတ်တင်ပြီး သနား စရာကောင်လေးကိုသည်က ကျန်းမာ ရေးနဲ့ ပရဟိတတွေက ဆေးမကုပေးဘဲ နှင်ချပါတယ်၊ ဘာဘာညာညာလို့သာ စီကာပတ်ကုံးတင် ကြည့်ပါလေ။ အဲအကြောင်းတွေ အစုံ မသိကြပါဘဲနဲ့ ကို အဆဲအဆို တံတွေးခွက်မှာ ကျွန်တော်တို့တွေ မျောကြမယ့် အခြေ။
ဆက်ပါဦးမယ်။

(ဖြစ်ရပ်မှန် ရင်မောစရာအဖြစ်ကို ရယ်စရာဖြစ်အောင် စာရေးခြင်းအတတ် ပညာဖြင့် စီကာစဉ်ကာ တန်ဆာ ဆင်လျက် အစ်မထံ ခွင့်တောင်းပြီး ကျီစယ် ရေးဖွဲ့ပါသည်။)