အချုပ်ရက်စေ့၍ ထိုင်းဘက်က ပြန်လွှဲပေးသူ တစ်လကျော်အတွင်း ၁၀၀ ကျော်ရှိ

0
467

တစ်လကျော်ကာလအတွင်း ထိုင်း နိုင်ငံတွင် အချုပ်ရက်စေ့သူများကို ကော့သောင်းနယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာနိုင်ငံသို့ တရားဝင်ပြန်လွှဲပေးသည့် လူဦးရေ ၁၀၀ ကျော်ရှိကြောင်း ကော့ သောင်းမြို့နယ် လူဝင်မူကြီးကြပ် ရေး ဌာနခွဲ (၂)ထံမှ သိရသည်။

ထိုင်းနိုင်ငံအတွင်း အထောက် အထားမဲ့ ဖမ်းဆီးခံရသူများ ပြစ်ဒဏ်ကျ ခံပြီးပါက မြန်မာနိုင်ငံသို့ တရားဝင်ပြန် လွှဲပေးသည့် အစီအစဉ်ကို စက်တင် ဘာလဆန်းပိုင်းက စတင် လုပ်ဆောင် လျက်ရှိပြီး လက်ရှိအချိန်အထိ တရား ဝင်ပြန်ပို့သူ ၁၀၅ ဦး ရှိနေပြီဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။
“အရင်က ထိုင်းဘက်ကလည်း လွှတ်ရက်စေ့သူတွေ ပြန်ပို့မယ်ဆိုပြီး တောင်းဆိုတာ မရှိလို့ မကြိုတာ ၊ အခုက နေရပ်ပြန်သူတွေ ပြန်လက်ခံ သလို လွှတ်ရက်စေ့သူတွေကိုလည်း တရားဝင်ပြန်အပ်ပေးဖို့ နှစ်နိုင်ငံ ညှိနှိုင်း ဆောင်ရွက်ထားတယ်” ဟု ကော့သောင်း မြို့နယ် လူဝင်မူ ကြီးကြပ်ရေးဌာနခွဲ (၂) လက်ထောက် ညွှန်ကြားရေးမှူး ဦးအန်းယင် က ဆိုသည်။

ယခင်က ထိုင်းဘက်မှ ပြစ်ဒဏ် ကျပြီး လွှတ်ရက်စေ့သူများကို မြန်မာ ပြည်သို့ တရားမဝင်လမ်းကြောင်း များ ဖြင့်သာ ထိုင်းဘက်က ပြန်ပို့လေ့ ရှိကြောင်း ကော့သောင်းမြို့ရှိ ပဲ့ချိတ် အသိုင်း အဝိုင်းထံမှ သိရသည်။”အရင်က အခုလို လက်ခံ ကြို ဆိုတာ မရှိတော့ ဒုက္ခဖြစ်ပြီးပြန်လာတဲ့ မြန်မာတွေ နေရပ်ပြန်ဖို့ အခက်အခဲတွေ ကြုံရတယ်၊ မြို့ခံ စေတနာရှင်တွေ ပရဟိတအဖွဲ့တွေက ပူးပေါင်းပြီး ပြန်ပို့ ပေးတာတွေ ရှိခဲ့တယ်” ဟု ရွှေဟင်္သာ ရပ်ကွက်နေ ဦးနောင်မဲက ဆိုသည်။

ထိုင်းကနေ နေရပ်ပြန်သူများကို အရေးတယူမကြိုတော့ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုထားသော် လည်း လက်ရှိအချိန်အထိ လက်ခံ ကြိုဆိုပေးလျက်ရှိပြီး နေရပ်ပြန် ရောက် သည်အထိ ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနပေါင်းစုံတို့က စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။