ကြံ့ခိုင်ရေးပါတီ မြေနေရာဟောင်းတွင် ဟိုတယ်ဆောက်မည်

0
527

ထားဝယ်မြို့ ရေးလမ်းပေါ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီပိုင်သည့် မြေနေရာ အဟောင်းတွင် ကြယ် ၃ပွင့်အဆင့်နှင့်အထက်ရှိသည့် ဟိုတယ်ဆောက်ရန် အစီအစဉ်ရှိကြောင်း ဟိုတယ်ဆောက်မည့် UMG ကုမ္ပဏီများ အုပ်စုထံမှ သိရသည်။

အကျယ်အဝန်း ၂ဧကကျော်ရှိ မြေကွက်ပေါ်တွင် လာမည့် ၂၀၁၈ ခုနှစ်အတွင်း ဒေသ၏ စီးပွားရေး အခြေအနေ ပြန်လည် ကောင်းမွန်လာ ပါက ယင်းစီမံကိန်းကို အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း UMG ကုမ္ပဏီများအုပ်စု မန်းနေဂျင်းဒါရိုက်တာ ဒေါ်မာလာဝင်းက ပြောသည်။
အဆိုပါ မြေကွက်ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ရောင်းချထားကြောင်း ယင်း ပါတီထံမှ သိရသည်။

အဆိုပါစီမံကိန်းတွင် ဟိုတယ်၊ ဈေးဝယ်စင်တာ၊ ရုပ်ရှင်ရုံနှင့် စား သောက်ဆိုင်တန်းများ ပါဝင်မည်ဖြစ်ပြီး ဆောက်လုပ်ရန် ခွင့်ပြုချက် လျှောက် ထားဆဲဖြစ်ကြောင်း ဒေါ်မာလာဝင်းက ဆိုသည်။ယခင်က ထားဝယ်အထူးစီးပွားရေး ဇုန်လုပ်ငန်းများ အကောင်အထည် ဖော်နေသည့်အတွက် ဟိုတယ် ဆောက် လုပ်ရေးလုပ်ငန်း စတင်လုပ်ဆောင် ခဲ့သော်လည်း ထားဝယ်စီမံကိန်း ရပ် နားလိုက်သည့်အတွက် ဆောက်လုပ်ရေး လုပ်ငန်းကိုလည်း ခေတ္တရပ်နား ထား ကြောင်း ဒေါ်မာလာဝင်းက ဆိုသည်။

” စီးပွားရေး ပြန်ကောင်းရင်ပေါ့နော်၊ နိုင်ငံရေးလည်း ကောင်းတယ်။ စီးပွား ရေး ပြန်ကောင်းတယ်ဆိုရင် ဒီမှာလာပြီး ရင်းနှီးမြှုပ်နှံမှာပါ” ဟု ၎င်းက ပြော သည်။
UMG ကုမ္ပဏီများအုပ်စုသည် ထားဝယ်မြို့နှင့် မြိတ်မြို့တွင် ရုံးခွဲများ ဖွင့်လှစ်ထားပြီး စက်ယန္တရားကြီးများ ၊ လယ်ယာသုံးယာဉ်များ၊ မီးစက်ကြီးများ ရောင်းချခြင်းနှင့် စားသောက်ကုန်ထုတ် လုပ်ဖြန့်ဖြူးခြင်း အစရှိသည့် လုပ် ငန်းများကို လုပ်ကိုင်လျက်ရှိသည်။