တိုင်းဘောလုံး အကယ်ဒမီကျောင်းဆောက်ရန် မြေနေရာအခက်တွေ့ဆဲ

0
412

တနင်္သာရီတိုင်း ဘောလုံး အကယ် ဒမီကျောင်း ဆောက်လုပ်ရန် ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်ကျပြီး ဖြစ်သော် လည်း တည်ဆောက်ရန် မြေနေရာ အတွက် အခက်တွေ့နေဆဲဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင် သာယာရေးဝန်ကြီး ဦးဟိုပင်က ပြော သည်။

ဘောလုံးအကယ်ဒမီကျောင်း တည်ဆောက်ရန်အတွက် တိုင်းအစိုးရစီမံခန့်ခွဲပိုင်ခွင့် မြေဖြစ်သည့် လောင်း လုံးမြို့နယ် စခန်းကြီးရွာ အနောက်ဘက် ထားဝယ် စိုက်ပျိုးရေးသိပ္ပံကျောင်း အနီးရှိ မြေကွက်အား လျာထားပြီးဖြစ်သော် လည်း မြေပြင်တွင် ယင်းမြေကွက်၌ ဒေသခံတို့က သီဟိုဠ်နှင့် ရော်ဘာ စသည့် အပင်များ လွန်ခဲ့သည့် နှစ် ၃၀ ခန့်မှစပြီး ဓားမဦးချစိုက်ပျိုးထားပြီး ဖြစ်နေကြောင်း ဝန်ကြီး ဦးဟိုပင်က ပြောသည်။

စိုက်ပျိုးထားသူ ဓားမဦးချသမား များက မြေပြန်မသိမ်းရန် အသနားခံစာ တင်လာသဖြင့် အစိုးရအဖွဲ့ ဆုံးဖြတ် ချက် ပြန်လည်ရယူကာ ဒေသခံ ဓား မဦးချ စိုက်ပျိုးထားသူများနှင့် ညှိနှိုင်း ခြင်းများ ပြုလုပ်ရဦးမည်ဟု ဝန်ကြီးက ဆိုသည်။”ကျောင်းဆောက်ခွင့်ရနေပြီ၊ မြေလိုနေတယ်၊ မြေ အခက်အခဲ ဖြစ်နေ တယ်}}ဟု ဝန်ကြီး ဦးဟိုပင်က ပြော သည်။

အထက်ပါ နေရာအနီးတွင် နှစ် ရှည်ဌာနပိုင် မြေတစ်ကွက်ရှိပြီး ယင်း မြေအားဌာနမှ စွန့်လွှတ်ကာ အကယ်ဒမီ ကျောင်းဆောက်နိုင်ရန်လည်း ဝန်ကြီး ဌာန အချင်းချင်း ညှိနှိုင်းနေဆဲဖြစ်ကာ လက်ရှိ အချိန်ထိ မြေနေရာ မသေချာ သေးကြောင်း ၎င်းက ပြောသည်။ထားဝယ်ဒေသတွင် တစ်ချိန်က နိုင်ငံ လက်ရွေးစင် ဘောလုံးသမားများစွာ ပေါ်ထွန်းခဲ့ဖူးသော်လည်း တိုင်းတွင်း ဘောလုံး အရည်အသွေး နိမ့်ကျလာ သည့် လက်ရှိအချိန်တွင် ဘောလုံး အကယ်ဒမီကျောင်း ဆောက်နိုင်ရေးမှာ တနင်္သာရီတိုင်းရှိ မျိုးဆက်သစ်များ အတွက် များစွာအရေးပါကြောင်း ဘောလုံးဝါသနာရှင် တစ်ဦးဖြစ်သူ လောင်းလုံးမြို့နယ် မောင်းမကန်ရွာမှ ဦးကျော်သန်းက ပြောသည်။

“ရလာတဲ့ အခွင့်အရေးကို လက်မ လွှတ်စေချင်ဘူး၊ အမိအရ ဆုပ်ကိုင် စေချင်တယ်၊ ဒီလိုအခွင့်အရေးရဖို့ မလွယ် ဘူး” ဟု ဦးကျော်သန်းက ပြောသည်။
လက်ရှိ နိုင်ငံတကာတွင် ထွန်း ပေါက်နေသည့် ဘောလုံးသမားအများ စုမှာ ဘောလုံးအကယ်ဒမီ ကျောင်းဆင်း များသာ ဖြစ်သည်ဟု ၎င်းက ထောက်ပြ သည်။