ဇမ္ဗူသီရိအမည် ခုတုံးလုပ် လိမ်လည်မှုများ ရှိလာ

0
358

ထားဝယ်ဒေသအတွင်း အရေးပေါ် လူနာများကို အခမဲ့ သယ်ဆောင်ပေး နေသည့် ဇမ္ဗူသီရိအဖွဲ့၏ အမည်ကို ခုတုံးလုပ်ကာ လိမ်လည်မှုများ ရှိလာ ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ပြီးခဲ့သည့်လက ဇမ္ဗူသီရိအဖွဲ့ တံဆိပ်ပါ ဟောင်းနွမ်းနေသည့်အင်္ကျီများ ဝတ်ဆင်ထားသူ ၄ဦးက ထားဝယ် ခရိုင်အတွင်းရှိ အခြားလူနာတင်ယာဉ် အဖွဲ့တစ်ခုထံ သွေးလိုအပ်နေသည်ဟု လိမ်လည် ပြောဆိုမှုရှိခဲ့ကြောင်း ဇမ္ဗူ သီရိ အရေးပေါ်လူနာကူညီ သယ် ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။

ယင်းအပြင် ထားဝယ်ဆေးရုံကြီး တွင် အရေးပေါ်တင်လာသည့် လူနာရှင် တစ်ဦးထံမှ လူတချို့က ဇမ္ဗူသီရိအဖွဲ့ နာမည် အသုံးပြုပြီး အောက်ဆီဂျင်ဖိုး ဟုဆိုကာ ငွေကျပ် ခြောက်သောင်းခွဲ လိမ်လည် တောင်းခံခဲ့ကြောင်း ၎င်းက ပြောသည်။ထိုကဲ့သို့ အဖွဲ့အမည်ကို ခုတုံး လုပ်ကာ လိမ်လည်မှုများရှိလာသဖြင့် ထားဝယ်ခရိုင်အတွင်းရှိ မိတ်ဖက်လူနာ တင်ယာဉ်အဖွဲ့များနှင့် သက်ဆိုင်ရာ ဌာနများထံ အကြောင်းကြားစာများ ပို့ သွားမည်ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။

” ထပ်ပြီးလိမ်လည်မှုတွေ ရှိလာရင် အကြောင်းကြားနိုင်ဖို့နဲ့ ကျန်တဲ့အဖွဲ့ တွေလည်း သတိထားလို့ရအောင် စာပို့ တာပါ” ဟု ၎င်းက ဆိုသည်။
ယင်းကဲ့သို့ အဖွဲ့အမည်ဖြင့် ငွေ ကြေး တောင်းခံခြင်း၊ လိမ်လည်ခြင်းများ ကြုံတွေ့ပါက ဇမ္ဗူသီရိအဖွဲ့၏ ဖုန်း – ၀၉၄၉၁၀၀၁၅၆ထံ ချက်ချင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း ယင်း အဖွဲ့ထံမှ သိရသည်။