နှစ်ပေါင်း ၈၆၀ ကျော်သက်တမ်းရှိ တနင်္သာရီရိုးရာ နဂါးလှေတော်ပွဲ ရေရှည်ထိန်းသိမ်းရန် အစိုးရ ကူညီပံ့ပိုးရန်လို

0
495

တနင်္သာရီမြို့နယ်၏ နှစ်ပေါင်း ၈၆၀ ကျော် သက်တမ်းရှိရိုးရာနဂါးလှေ တော်ပွဲ ကို ရေရှည်ထိန်းသိမ်းနိုင်ရန် အစိုးရမှ ကူညီပံ့ပိုးရန် လိုအပ်ကြောင်း ယင်း မြို့နယ် စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်း သိမ်းမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းစိုး ဝင်းထံမှ သိရသည်။

လက်ရှိတွင် ရိုးရာယဉ်ကျေးမှုနဂါးလှေ တော်ပွဲဖြစ်ပေါ်စေရန် စိတ်ဓာတ်အင်အား၊ လူအင်အားနှင့် ရိုးရာနဂါးလှေများရှိနေသော် လည်း တနင်္သာရီတိုင်းဒေသကြီးအစိုးရမှ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ရရှိမည် ဆိုပါက ရေရှည်ထိန်းသိမ်း နိုင်မည်ဖြစ်ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။
” ယဉ်ကျေးမှုတစ်ခုကို အစဉ်အလာ မပျက် ရေရှည် ထိန်းသိမ်းဖို့ဆိုရင် စိတ် ဓာတ်အားတစ်ခု တည်းရှိနေရုံနဲ့ မရပါဘူး” ဟု ကော်မတီဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ပြောသည်။

ရှေးဟောင်းယဉ်ကျေးမှုကို ရေရှည် ထိန်းသိမ်းနိုင်ရန် နဂါးလှေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ပညာရှင်များအဖွဲ့နှင့် ပွဲတော် ကျင်းပရေး ကော်မတီများ ဖွဲ့စည်းကာ လိုအပ်သည့် ရန်ပုံငွေများရရှိရန် မျှော်လင့် ကြောင်း ဦးသန်းစိုးဝင်းက ပြောပြသည်။ထို့အပြင် နဂါးလှေတော်များကို ထွင်း ထုရာတွင် လိုအပ်သည့် သစ်လုံးပတ် အ ရွယ်အစားများလည်း ရှားပါးလာနေပြီဖြစ် ကြောင်း လယ်သစ်ကျေးရွာနဂါးလှေတော် သားတို့မှ သိရသည်။

တိုင်းအစိုးရ၏ ကူညီပံ့ပိုးမှုများ ရရှိရေးအတွက် တနင်္သာရီမြို့နယ် လွှတ် တော်ကိုယ် စားလှယ်တချို့က စီစဉ်ဆောင် ရွက်နေဆဲဖြစ်ကြောင်း ယင်းလွှတ်တော် ကိုယ်စား လှယ်အသိုင်းအဝိုင်းမှ သိရသည်။လက်ရှိတွင် ရှေးဟောင်းယဉ်ကျေးမှု နဂါးလှေတော်ပွဲဖြစ်ပေါ်ရေးအတွက် ရန်ပုံ ငွေရှာဖွေပြီး ပြုလုပ်နေရကြောင်း ဦးသန်းစိုး ဝင်းက ပြောပြသည်။

ရိုးနဂါးလှေတော်ပွဲကို အောက်တိုဘာ လ ၉ ရက်က ပြုလုပ်ခဲ့ရာ တနင်္သာရီမြို့ ချောင်းကြီးကျောင်းမှ ရွှေနန်းသာရီနှင့် ငွေ နန်းသာရီ နဂါးလှေတော် ၂စီးနှင့် လယ် သစ်ကျေးရွာ ကျောင်းကြီးကျောင်းတိုက်မှ မြကြီးအောင်၊ ရန်ကြီးအောင်နှင့် အရှေ့ ကျောင်းတိုက်မှ စိန်ပန်းသွယ်နှင့် ပတ္တမြား သွယ် နဂါးလှေတော် ၄ စီးစုစုပေါင်း ၆ စီး တို့ဖြင့် ပါဝင်လှော်ခတ်ခဲ့ကြကြောင်း ယင်း ပွဲမှ သိရသည်။

နဂါးလှေတော်ပွဲကို တနင်္သာရီမြစ် အတွင်း မြို့သို့ လက်ယာရစ်ပတ်ပြီး လှော် ခတ်ကြကာ ရှေးဟောင်းဘုရားများ ဖြစ်ကြ သည့် မြဆင်ဝတ်၊ န၀ထပ်၊ လေသာ၊ ခြေတော်ရာ၊ ရန်အောင်မြင်နှင့် နန်းဦး စေတီတော်များကို ဦးတိုက် လှော်ခတ်ခဲ့ ကြောင်း သိရသည်။တနင်္သာရီမြို့၏ ရှေးဟောင်းရိုးရာ ဓလေ့တစ်ခုဖြစ်သည့် နဂါးလှေတော်ပွဲကို နှစ်စဉ် ချောင်းကြီးကျောင်းတိုက် ဘုံကထိန် ရက်ဖြစ်သည့် သီတင်းလပြည့်ကျော် ၄ ရက်နေ့တိုင်းတွင် ပြုလုပ်လေ့ရှိသည်။

ရှေးဟောင်းနဂါးလှော်တော်ပွဲကို သက္ကရာဇ် ၅၁၅ ခုနှစ်မှ စတင်ကျင်းပ လာခဲ့ခြင်းဖြစ်ပြီး သက်တမ်းအားဖြင့် ယခု နှစ်တွင် ၈၆၄ နှစ်မြောက်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း မြှင့်တင်ရေး ကော်မတီ မှ သိရသည်။