မီးအား အတက်ကြမ်း လျှပ်စစ်ပစ္စည်းများ ပျက်စီးရမှု တနင်္သာရီတိုင်း လျှပ်စစ်အင်ဂျင်နီယာ တောင်းပန်

0
528

မီးအား ဆောင့်တက်သောကြောင့် ထားဝယ်မြို့ ကျွန်းမွှေးရပ်ကွက်နှင့် ဝဲ ကျွန်းမြို့သစ်ရှိ နေအိမ်များတွင် အောက်တိုဘာလ ၈ရက် ညက ပျက်စီး ခဲ့သည့် လျှပ်စစ်ပစ္စည်းများ အတွက် ပြန်ပြင် ^ပြန်လျော်ပေးမည်ဖြစ်ပြီး လျှ ပ်စစ်မီး သုံးစွဲသူများ၏ ပစ္စည်းများ ဆုံးရှုံးခဲ့ရသည့်အပေါ် တောင်းပန် ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာက ပြောသည်။

အဆိုပါ ရပ်ကွက်တွင် မီးအားကျ ခြင်း၊ မငြိမ်ခြင်းများကြောင့် ထရန် စဖော်မာအသစ် တပ်ဆင်ပြီးချိန်၌ လျှပ် စစ်ကြိုး မှားယွင်းတပ်ဆင်ခဲ့မှုကြောင့် မီးအားဆောင့်တက်ကာ လျှပ်စစ်ပစ္စည်း များ ထပေါက်ခြင်း၊ ပျက်စီးခြင်းများ ဖြစ်ခဲ့ရကြောင်း တိုင်းလျှပ်စစ် အင်ဂျင် နီယာရုံးထံမှ သိရသည်။
ယင်းဖြစ်စဉ်ကြောင့် အထက်ပါ ရပ်ကွက်များရှိ အိမ်ခြေ ၁၂၇ လုံးရှိတီဗီ၊ ရေခဲသေတ္တာ၊ မီးချောင်းအစရှိသည့် လျှပ်စစ်ပစ္စည်း အမျိုးအစားအစုံ ၂၆ မျိုး ပျက်စီးခဲ့ကြောင်း ဆုံးရှုံးပျက်စီးမှု စာရင်းပြုစုနေသည့် ဦးခင်မောင်သိန်းက ဆိုသည်။

လျှပ်စစ်မီး သုံးစွဲသူများ၏ ဆုံးရှုံး ရမှုနှင့် ပတ်သက်ပြီး အားလုံး၏ ကိုယ် စား တောင်းပန်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဒုအင်ဂျင်နီယာ ချုပ် ဦးအောင်ဇော်ဦးက ဆိုသည်။” ကျွန်တော်တို့က ဘာပဲပြောပြော တတ်နိုင်သလောက်တော့ မရှိမဲ့ ရှိမဲ့နဲ့ပဲ လူတွေ စုစပ်ပြီးတော့ လျော်ပေးပါ့ မယ်” ဟု တိုင်းလျှပ်စစ် အင်ဂျင်နီယာ ဦးအောင်ဇော်ဦးက ပြောသည်။

အဆိုပါ ရပ်ကွက်ရှိဓမ္မာရုံတွင် လျှပ်စစ်ပစ္စည်းများ ပျက်စီးဆုံးရှုံး ခဲ့ရသည့် ပြည်သူများနှင့် အောက်တိုဘာ လ ၉ ရက် ညနေပိုင်းက တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီ ယာက ပြည်သူများ၏ လိုအပ်ချက် အတိုင်း ကျေနပ်သည်အထိ ဆောင် ရွက်ပေးမည်ဟု ကတိပေးသွားကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

ထိုနေ့က မနက်ကတည်းက မီးပျက် နေပြီး ည ၇နာရီခန့် မီးပြန်လာချိန်တွင် တီဗီစ ဖွင့်ချိန်တွင် ထပေါက်ခဲ့ရကြောင်း ကျွန်းမွှေး ၁ လမ်းနေ ဦးမျိုးကြီးက ဆို သည်။”တီဗီပျက်သွားတယ်ဆို တီဗ်ီပြန် လိုချင်တယ် အသစ်ပေါ့နော်၊ သူ့အမျိုး အစားအလိုက်ပေါ့နော်၊ ဂျပန်အကျ (အသုံးပြုပြီး)တို့ ဘာတို့လည်း မလိုဘူး”ဟု ဦးမျိုးကြီးက ပြောသည်။

၎င်း၏ အိမ်တွင် တီဗီ၊ စလောင်း ဖမ်းစက်၊ ရေစုပ်စက် အစရှိသည့် လျှပ် စစ်ပစ္စည်းများ ပေါက်ကွဲကာ ပျက်စီးခဲ့ ကြောင်း သိရသည်။
ကနဦးအနေဖြင့် အောက်တိုဘာလ ၉ ရက်နေ့ ညနေတွင် ပျက်စီး ဆုံးရှုံး ခဲ့သည့် လျှပ်စစ်မီးချောင်း၊ မီးသီးများကို အစားလျော်ပေးခဲ့သည်။

အဆိုပါ ရပ်ကွက်များတွင် မီးအား ဆောင့်တက်သောကြောင့် လျှပ်စစ် ပစ္စည်းများ ဆုံးရှုံးခဲ့ပြီး နောက်တစ် ရက်ဖြစ်သည့် အောက်တိုဘာလ ၉ ရက်နေ့တွင်လည်း မီးအားမငြိမ်သေးပေ။