ကျိုက်ထိုတွင် အုန်းနို့ခေါက်ဆွဲစားမိရာမှ လူ ၁၃၀ ဦးကျော် အစာအဆိပ်သင့်

0
452

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရွာလေးကျေးရွာ အလှူအိမ်တွင် ကျွေး သည့် အုန်းနို့ခေါက်ဆွဲစားမိရာမှ လူ ၁၃၀ ဦးကျော် အစာအဆိပ်သင့်မှုဖြစ် ပွားခဲ့သည်။
အောက်တိုဘာ ၉ ရက် နံနက် ပိုင်းက အဆိုပါကျေးရွာတွင်ကျင်းပသည့် မွေးနေ့အလှူပွဲတွင် အုန်းနို့ခေါက်ဆွဲ ကျွေးမွေးခဲ့သည်။

အုန်းနို့ခေါက်ဆွဲ စားမိသူများသည် စားပြီး အချိန်တစ်နာရီခွဲခန့် အကြာတွင် အော့အန်ခြင်းများ ဖြစ်ပေါ်လာခြင်း ကြောင့် သိမ်ဇရပ် တိုက်နယ်ဆေးရုံသို့ လာရောက်ကုသခဲ့ကြရာ နံနက် ၁၁ နာရီမှ ညနေ ၃ နာရီထိ စုစုပေါင်း လူဦးရေ ၁၃၀နှင့် သံဃာ ၂ ပါး ဆေးကုသခံယူနေရကြောင်း ဆေးရုံ မှတ်တမ်းအရ သိရသည်။

” ကလေး မွေးနေ့ဆိုတော့ ကျွေး လည်းကျွေး ပါဆယ်လည်း ကမ်းတော့ စားမိသူများ သွားတယ်၊ အသက်အန္တ ရာယ်တော့ မရှိပါဘူး” ဟု ကျိုက်ထိုမြို့ နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ စောကလျာက ပြောသည်။အစာအဆိပ်သင့်မှုဖြစ်ရခြင်းနှင့် ပတ်သက်ပြီးသက်ဆိုင်ရာ မြို့နယ်ကျန်း မာရေးဌာနက ဆက်လက်စစ်ဆေးလျက် ရှိသည်။

“ခေါက်ဆွဲနဲ့ ဖြစ်တာလား ဘာ လားတော့ မသိဘူး၊ စားပြီးတော့ ဗိုက် နာပြီး အော့အန်တာတွေ ဖြစ်လာတယ်” ဟု အစာအဆိပ်သင့်ပြီး ဆေးရုံတွင် ဆေးကုသ မှုခံယူနေရသူတစ်ဦးက ပြော သည်။