လောင်းလုံးတွင် ကျေးလက်ရေရရှိရေး ကျပ်သန်း ခြောက်ဆယ်နီးပါး အသုံးပြုမည်

0
549

ယခုဘဏ္ဍာနှစ်တွင် လောင်းလုံး မြို့နယ် ကျေးလက်ရေ ရရှိရေးအတွက် ကျပ်သန်း ခြောက်ဆယ်နီးပါး အသုံး ပြုရန် လျာထားကြောင်း မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ထံမှ သိရသည်။

နွေရာသီ ရေရှားပါးသည့် ကျေး ရွာ ၇ရွာတွင် ရေတွင်း၊ ရေကန် အသစ် များ ဆောက်လုပ်ခြင်း၊ ပြုပြင်မွန်းမံခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ရန် ပြည် ထောင်စု ဘတ်ဂျက်မှ ကျပ်သန်း ၅၀ နှင့် ACE Foundation မှ လှူဒါန်း ငွေ ၉ သန်းကျော် (၉.၆ သန်း) ခန့် အသုံးပြုရန် လျာထားကြောင်း ယင်း ဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနိုင် က ပြောသည်။

“ရေရှားပါးတဲ့ ပြဿနာ ရှစ်ဆယ် ရာခိုင်နှုန်းလောက် လျော့နည်းသွား မယ်” ဟု ဦးကျော်ဝင်းနိုင်က ဆိုသည်။လောင်းလုံးမြို့နယ်အတွင်းရှိ ကျောက်ဆင်၊ စခန်းကြီး၊ ကမြောကြီး၊ ကမြောကင်း၊ ဝေဒီ၊ ကညုံကျွန်း၊ ကျောက်နီ မော်ကျေးရွာ စသည့်ကျေးရွာ ၇ ရွာတွင် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

လက်ရှိတွင် အထက်ပါ ကျေးရွာ များတွင် ရေရရှိရန် ကုမ္ပဏီများကို တင်ဒါခေါ်ထားပြီး တိုင်းအစိုးရ ခွင့်ပြု ချက် ရရှိသည့်အချိန်တွင် လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

စခန်းကြီးကျေးရွာ အလယ်တန်း ကျောင်းတွင် လက်ရှိရေတွင်းမှာ သောက်သုံး မရ ဖြစ်နေပြီး ကျောင်းသားများမှာ သောက်သုံးရေအတွက် ကျောင်းပတ်ဝန်း ကျင်ရှိ အိမ်များတွင် ရေသွားခတ်နေရ သည်ဟု ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်နီဝင်းက ပြောသည်။” ကျွန်တော်တို့ ရွာမှာ လာလုပ်ပေး မယ်ဆိုရင်တော့ ရွာကိုပါ ရေသွယ်လို့ ရအောင် ညှိနှိုင်းပေးရင် ပိုကောင်းမယ်၊ စာသင်ကျောင်းမှာ ရေစင်လုပ်ပေးရင် လည်း အဆင်ပြေတယ်” ဟု စခန်းကြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်နီဝင်း က ဆိုသည်။

စခန်းကြီးကျေးရွာ ရေရရှိရေး အတွက် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တွင်းတိမ်(အဝီစိတွင်း)၊ ရေစက်ရုံနှင့် ကွန်ကရစ်ရေကန် တူးဖော်ဆောက်လုပ် ရန် လျာထားထားကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့တိုးတက် ရေးဦးစီး ဌာနထံမှ သိရသည်။

လောင်းလုံးမြို့နယ်တွင် ကျေးရွာ အုပ်စု ၁၁၀ ခန့်ရှိရာ အများစုသည် ရေရရှိရေးအတွက် လက်တူးတွင်း (ရေ တွင်း)များကို အသုံးပြုလျက် ရှိကြောင်း သိရသည်။