ထီးခီးနယ်စပ်ကုန်သွယ်မှု ပမာဏ ထက်ဝက်ကျော်တိုး

0
476

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ် စပ်ဖြစ်သည့် ထီးခီးနယ်စပ်ဂိတ်၏ ယမန်နှစ် ခြောက်လတာထက် လက်ရှိ ခြောက်လတာ ကာလအတွင်း ကုန် သွယ်မှုပမာဏ ထက်ဝက်ကျော် တိုး လာကြောင်း ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လတာ ကာလအတွင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၀ ဒဿမ ၈၈၇ သန်းသာရှိရာမှာ လက်ရှိဘဏ္ဍာ ရေးနှစ် ၆လတွင် ၁ ဒဿမ ၄၅၂ သန်းအထိ ရှိလာကြောင်း မြို့နယ် အကောက်ခွန်ရုံး စာရင်းအရ သိရသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်း ဓာတ်ဆီ၊ ဂက်စ်၊ ရေထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက်နှင့် လူအသုံး အဆောင်ပစ္စည်း အစရှိသည့် ပစ္စည်း များကို တင်သွင်းကြောင်း မြို့နယ် အကောက်ခွန်ရုံးထံမှ သိရသည်။

မြန်မာနိုင်ငံဘက်မှ ပို့ကုန်အဖြစ် ရေထွက်ပစ္စည်းများ၊ အုန်းသီးနှင့် ဝါး အစရှိသည့် ပစ္စည်းများကို အဓိက တင်ပို့ကြောင်း သိရသည်။
“ရေထွက်ပစ္စည်းတင်ပို့မှုက ပိုများလာတယ်၊ ကုန်သွယ်မှု များလာ တော့ အခွန်လည်း ပိုရလာတာပေါ့” ဟု မြို့နယ် အကောက်ခွန်ဦးစီးမှူး ဦးတင်ထွဋ်က ပြောသည်။

ထီးခီးနယ်စပ်ဂိတ်မှ ဂက်စ် တင်သွင်းမှုလည်း ပိုများလာကြောင်း အထက်ပါဌာနထံမှ သိရသည်။၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ၆ လတာကာလအတွင်း သွင်းကုန် အမေရိကန် ဒေါ်လာ ၀ ဒဿမ ၂၃၉ သန်းရှိပြီး ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၂၁၃ သန်းရှိကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။