နှစ် ၁၀၀ ကျော် သက်တမ်းရှိ လေးဂိုး အဆောက်အအုံ စည်ပင်ပြန်တောင်း

0
429

မြိတ်မြို့ အမှတ်(၁)အခြေခံ ပညာ အထက်တန်း ကျောင်းရှေ့ရှိ မြို့နယ် စာရေးဆရာ အသင်းရုံး( ဒေသ အခေါ် လေးဂိုး) အဆောက်အအုံအား စည်ပင်ကော် မတီသို့ပေးအပ်ရန် တောင်းဆိုထားကြောင်း ယင်းကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုထံမှ သိရသည်။ဩဂုတ်လ ၂၉ရက်နေ့က မြို့နယ် စာရေးဆရာအသင်းမှ တာဝန်ရှိသူတို့ အား အစည်းအဝေးခေါ်ယူပြီး ပြန်လည် လွဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံသည် နှစ်ပေါင်း ၁၀၀ကျော်သက်တမ်းရှိပြီ ဖြစ်ပြီး ပျက်စီးယိုယွင်းမှု များပြားနေ သည့်အတွက် စည်ပင်သာယာရေး ကော်မတီမှ မူလလက်ရာမပျက် ပြုပြင် ထိန်းသိမ်းနိုင်ရန်ဖြစ်သည်ဟု ယင်း ကော်မတီမှ သိရသည်။]]ကြာရင် ရှေးဟောင်း အဆောက် အအုံကြီးက ပျက်စီးတော့မှာ အခုတောင် တော်တော်လေး ပျက်စီးနေပြီဆိုတော့ အဲဒါကြောင့် ကျွန်တော်တို့ ဘက်က သူတို့ကို အစည်းအဝေးခေါ်ပြီး တောင်း တာပါ}}ဟု ဦးမြတ်ကိုကိုက ပြောသည်။

ယင်းအဆောက်အအုံကို မြတ်ခရိုင် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်က စာရေးဆရာအသင်းကို ငှားထားပြီး လက်ရှိတွင် အသင်းအတွက် မြေနေရာ အစားရထားပြီးဖြစ်သဖြင့် ယခုနေရာကို ပြန်အပ်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းတို့အသင်းအနေဖြင့် ယင်းအဆောက်အအုံကို ပြုပြင်ထိန်း သိမ်းမှုမရှိဘဲ ဈေးဆိုင်ခန်းနှင့် လူနေ အိမ်အဖြစ် အခကြေးငွေယူ ငှားရမ်းထား သည်ဟု သိရှိရကြောင်း ဦးမြတ်ကိုကိုက ဆိုသည်။

မြိတ်မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးဖိုးခွေး(မြိတ်ရွှေစင်)ကမူ ယင်း အဆောက်အအုံအား မြိတ်ခရိုင် ငြိမ်ဝမ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (ခ၀တ)မှ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် စာရေးဆရာအသင်းအား တရားဝင် ပေးထားပြီးဖြစ်ကြောင်း ပြောသည်။ကန်ဖျားရပ်၊ စပါးရွှေဝါလမ်းရှိ စာရေးဆရာအသင်းပိုင်မြေကွက်တွင် အဆောက်အဦသစ် တည်ဆောက်ပြီး မှသာ လေးဂိုးအဆောက်အဦးကို စည် ပင် ကော်မတီထံပြန်လည်ပေးအပ် သွား မည်ဖြစ်ကြောင်း ဦးဖိုးခွေးက ဆို သည်။

ထို့ပြင် အဆောက်အအုံသစ်သို့ မရွှေ့ပြောင်းမီ ကာလအတွင်း ယင်း လေးဂိုးအဆောက်အအုံအား အသင်းမှ ရန်ပုံငွေစုဆောင်းပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ရှေးမူမပျက် ပြန်လည် မွမ်းမံ ပြင်ဆင်ရန် ရည်ရွယ်ချက်ရှိ ကြောင်း ဦးဖိုးခွေးက ပြောပြသည်။
“သူတို့ဘက်က အကြောင်း ပြန် တာက လောလောဆယ်ပေးဖို့ အစီ အစဉ်မရှိသေးဘူးလို့ ပြောတယ်” ဟု ဦးမြတ်ကိုကိုက ဆိုသည်။
လက်ရှိလေးဂိုး အဆောက်အအုံ တွင် အသင်းရုံးခန်းကို အမြဲဖွင့်လှစ်ထား ခြင်း မရှိဟု သိရသည်။