နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ ဖျော်ဖြေပါ

0
567

လာမည့် တန်ဆောင်မုန်းလတွင် ကျင်းပပြုလုပ်မည့် နှစ်ကျိပ်ရှစ်ဆူ ဘုရား ပွဲတွင် ရပ်ကွက် /ကျေးရွာများမှ ဘုရားများ လှည့်လည် ပင့်ဆောင်၊ ပို့ဆောင်ချိန်များ တွင် ရိုးရာ ယဉ်ကျေးမှုနှင့် ကိုက်ညီသည့် အဆိုအကများကိုသာ ထည့်သွင်းဖျော် ဖြေရန် မေတ္တာရပ်ခံထားကြောင်း ဘုရား ကြီး ဂေါပက အဖွဲ့ထံမှ သိရသည်။

ဘုရားလှည့်သည့်ပွဲတော်မှာ ဘာသာရေးပွဲ ဖြစ်သည့်အတွက် မြန်မာ့ ရိုးရာယဉ်ကျေးမှုနှင့် လျော်ညီမှု မရှိ သည့် ခေတ်ပေါ်သီချင်း ဖွင့်ခြင်း၊ ကခုန် ခြင်း ဖျော်ဖြေခြင်းများ မရှိစေရန် သက် ဆိုင်ရာ ရပ်ကွက် /ကျေးရွာများကို မေတ္တာ ရပ်ခံထားခြင်းဖြစ်ကြောင်း ဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဌ ဦးထွန်းကြည်က ဆိုသည်။”ဂေါပကအဖွဲ့က မေတ္တာရပ်ခံလို့ပဲ ရတာလေ၊ မြို့ထဲ ဘုရား လှည့်ချိန်မှာ လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ကိုက် ညီတဲ့ဟာတွေပဲ ထည့်သွင်းသွားမယ်”ဟု ဦးထွန်းကြည်က ပြောသည်။

ယမန်နှစ်က နှစ်ကျိပ်ရှစ်ဆူ ဘုရား များ ဘုရားကြီးဝင်းအတွင်း ပို့ဆောင်ရာ တွင် ယဉ်ကျေးမှုနှင့် ဆီလျော်မှုမရှိသည့် ခေတ်ပေါ် သီချင်းများ ဖွင့်ခြင်း၊ ကခုန်ခြင်း များကြောင့် ဝေဖန်မှုများရှိခဲ့သည်။ထားဝယ်ဒေသ၏ ဘုရားလှည့် လည်ပူဇော်ပွဲတွင် မြူးကြွသည့်ခေတ် ပေါ်သီချင်းများဖွင့်ကာ ကပြဖျော်ဖြေ နေခြင်းမှာ မဖြစ်သင့်ဘဲ ထားဝယ် သီချင်း များကိုသာ ထည့်သွင်း ဖျော်ဖြေသင့် ကြောင်း ထားဝယ်မြို့ ဝဲကျွန်း ထိန်ဟောင်း ရပ်ကွက်နေ ကိုအောင်သူက ဆိုသည်။

” အခြားဒေသက ဧည့်သည် တွေမြင် ရင် ဒေသပုံရိပ်လည်း ထိခိုက်လာနိုင် တယ်၊ သူတို့ဆီမှာ ဒီလိုလားဆိုပြီး” ဟု ကိုအောင်သူက ပြောသည်။
ယခုနှစ်တွင် ရပ်ကွက်၊ ကျေးရွာ များမှ ပင့်ဆောင်ထားသည့် နှစ်ကျိပ် ရှစ်ဆူဘုရားများကို ဘုရားကြီးဝင်း အတွင်း ပြန်လည် ပို့ဆောင်ရာတွင် ယခင်က တန်ဆောင်မုန်းလဆန်း ၁၁ ရက်ည နောက်ဆုံးထား သတ်မှတ်ခဲ့ပြီး လာမည့် ပွဲတော်တွင် ဘုရားဖူးဧည့်သည်များ ဘုရားဖူးသည့်အချိန် ပိုမိုရရှိစေရန် တန်ဆောင်မုန်းလဆန်း ၁၀ ရက်ကို နောက်ဆုံးထား ပို့ဆောင်ရန် ပြောင်းလဲ သတ်မှတ်ထားကြောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကြည်က ဆိုသည်။