ထားဝယ်တွင် ဝါးပရိဘောဂ စန်းထ

0
982

ထားဝယ်မြို့တွင် ဝါးဖြင့် ပြုလုပ် ထားသည့် ပရိဘောဂပစ္စည်းများ ၂၀၁၇ ခုနှစ်မှစကာ ဝယ်ယူသူများလာပြီး အရောင်းသွက်လာကြောင်း ဝါးပရိဘောဂ ပြုလုပ်ရောင်းချသူအချို့ထံမှ သိရသည်။ဝါးပရိဘောဂပစ္စည်းများကို စတင် ပြုလုပ်ရောင်းချခဲ့သည့် ၂၀၁၆ ခုနှစ် တွင် တစ်လလျှင် ပရိဘောဂပစ္စည်း အမျိုးအမည် ၈ ခုခန့်သာ ရောင်းခဲ့ရပြီး လက်ရှိအချိန်တွင် ၂၀ခုခန့်အထိ ရောင်း ချခဲ့ လာရကြောင်း ထားဝယ်မြို့သစ် ၄ လမ်းတွင် လုပ်ကိုင်နေသည့် ကိုအောင်သန်း ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ဝါးကုတင်၊ စားသောက်ဆိုင်သုံး ဝါးတဲ၊ ဝါးဗီရို၊ ဝါးဆက်တီထိုင်ခုံများ အစရှိသည့် ပစ္စည်း အမျိုးအမည် ၂၀ ခန့်ကို ပြုလုပ်ရောင်း ချနေပြီး ပစ္စည်း အမျိုးအမည် အပေါ် မူတည်ကာ ငွေကျပ် ၁၅၀၀၀ မှ ကျပ် ၃ သိန်း ဝန်းကျင်အထိ ပေါက်ဈေး ရှိသည်။ထို့အပြင် ဝါးကို အဓိကအသုံးပြု တည်ဆောက်သည့် စားသောက်ဆိုင်ခန်း၊ ဘန်ဂလိုများကိုလည်း အထူးအော်ဒါလက်ခံ ပြီး ဆောက်လုပ်ပေးကြောင်း သိရသည်။

” ဒီနှစ်က မိတ်များလာတော့ လူသိများ လာပြီး ရောင်းအား လည်းကောင်းလာ တယ်” ဟု ကိုအောင်သန်းဦးက ပြောသည်။
အဆိုပါ ပရိဘောဂပစ္စည်းများအ နက် စားသောက်ဆိုင်သုံး ဝါးတဲများကို ပိုမိုဝယ်ယူကြကြောင်း ၎င်းက ဆိုသည်။ပရိဘောဂပစ္စည်းများကို ဝါးပိုး ဝါး နှင့် အခြား ဝါးလုံး အသေးများဖြင့် ပြု လုပ်ခြင်းဖြစ်ကာ ထားဝယ် ဒေသထွက် ဝါးကို ဝယ်ယူအသုံးပြုကြောင်း သိရသည်။ယခင်နှစ်ကတစ်လလျှင် ကျပ် ၃ သိန်းဖိုးခန့်သာ ရောင်းချရပြီး လက်ရှိ တွင် ယခင်နှစ်ထက် ဝယ်ယူမှုပိုများ လာကြောင်း ကြက်စားပြင်ရပ်ကွက်တွင် ပြုလုပ်ရောင်းချနေသူ ကိုစိုင်းစိုးအောင်က ဆိုသည်။
” ဆိုင်ခန်းဖွင့်ပြီး ရောင်းဖို့တော့ မှန်းထားတယ်၊ ငွေကြေးအခြေအနေ အရမတတ်နိုင်သေးဘူး” ဟု ကိုစိုင်းစိုးအောင် က ပြောသည်။

ပရိဘောဂပစ္စည်းများ ပြုလုပ် ရောင်းချခြင်းအပြင် အိမ်အတွင်း ဝါးဖြင့် အလှဆင်ခြင်း၊ ဝါးအသုံးပြုကာ စား သောက်ဆိုင်များ ဆောက်ပေးသည့် ဝန်ဆောင်မှုများပေးနေကြောင်း ၎င်းက ဆိုသည်။

ထားဝယ်ဒေသတွင် ဝါးပရိဘောဂ ပြုလုပ်သူ ၃ဦးထက်မနည်းရှိပြီး အများ စုမှာ ထိုင်းနိုင်ငံတွင် သင်ယူလာကြခြင်း ဖြစ်သည်။
ယင်းပရိဘောဂပစ္စည်းများကို ထားသည့်နေရာနှင့် အသုံးပြုမှု အပေါ် မူ တည်ကာ ၃နှစ်မှ ၁၀ နှစ်ခန့်အထိ ရေရှည်အသုံးပြုနိုင်ကြောင်း သိရသည်။