တနင်္သာရီ မြစ်တစ်လျှောက် ပြဒါးဆိပ်သင့်သူများ တွေ့ ရှိ

0
514

တနင်္သာရီတိုင်း၏ အရှည်ဆုံး မြစ်တစ်ခုဖြစ်သည့် တနင်္သာရီမြစ်တစ် လျှောက်နေထိုင်သော ကိုယ်ဝန်ဆောင် နိုင်သည့်အရွယ် အမျိုးသမီးများတွင် ပြဒါးဆိပ်သင့်နေသည်ကို တွေ့ရှိရ ကြောင်း လေ့လာချက်တစ်ရပ်အရ သိရ သည်။

ဆွီဒင်နိုင်ငံ အခြေစိုက် ကမ္ဘာ့ ပြည်သူ့ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက် IPEN နှင့် အမေရိကန်နိုင်ငံ အခြေစိုက်ဇီဝမျိုး စိတ်ကွဲပြားခြင်း သုတေသနအဖွဲ့ ( Biodiversity Research Institute) အဖွဲ့တို့က လေ့လာချက် အသစ်တစ်ရပ် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။တိုင်းအတွင်း တနင်္သာရီမြစ် ကြောင်း တစ်လျှောက်နေထိုင်သည့် ကျေးရွာ အချို့မှ ကိုယ်ဝန်ဆောင်နိုင် သည့်အရွယ် အမျိုးသမီးများ(အသက် ၁၈ နှစ်မှ ၄၄ နှစ်အတွင်း)ထံမှ ဆံပင် နမူနာများကို ၂၀၁၆ ခုနှစ် မတ်လက ကောက်ယူခဲ့ကြောင်း သိရသည်။

နမူနာအနေဖြင့် ကောက်ယူခဲ့သည့် ကိုယ်ဝန်ဆောင်နိုင်သည့် အရွယ် ၃၀ ဦးအနက် ၂၈ ဦးတွင် ပြဒါးဓာတ်ပါဝင်မှု ၁ စစာ ထက်များနေသည်ကို တွေ့ရှိ ရသည်။သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီ (EPA) က သတ်မှတ်ထားသည့် ကျန်းမာရေး စံချိန်စံညွှန်းထက် ပြဒါး အဆိပ်သင့်မှု အဆပေါင်းများစွာ ပိုများ နေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။

ပြဒါးပမာဏ ၁စစာ ထက်ကျော် လွန်ပါက ဦးနှောက်ထိခိုက်ခြင်း၊ အသိ ဉာဏ်ပျောက်ခြင်း၊ ကျောက်ကပ်နှင့် နှလုံးသွေးကြောပျက်စီးခြင်းတို့ ဖြစ်ပွား နိုင်သည်။
မိခင်တစ်ဦး၏ ခန္ဓာကိုယ်မှ ပြဒါး ဓာတ်သည် ကိုယ်ဝန်ဆောင်ကာလတွင် သန္ဓေသားထံသို့ ကူးပြောင်းနိုင်ပြီး သန္ဓေသား၏ ဦးနှောက်နှင့် အာရုံကြော ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်။

” ဒီစစ်ဆေးမှုအတွက် ကျွန်တော်တို့ ၂ နှစ်နီးပါး အချိန်ယူခဲ့ရပါတယ်။ ခုကတော့ တွေ့ရှိချက် အပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားရမယ့် အဆင့်ပါ။ ကျွန်တော်တို့အတွက်ကတော့ ဝမ်းနည်းစိတ်မကောင်းဖွယ်ရာ ရလဒ် ဖြစ်ပါတယ်” ဟု ထားဝယ်ဖွံဖြိုး ရေးအဖွဲ့ (DDA)မှ ဒါရိုက်တာ ဦးသန့်ဇင်က ပြောသည်။
ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (DDA) သည် တနင်္သာရီမြစ်ကြောင်း တစ်လျှာက်တွင် လေ့လာစစ်ဆေးမှုကို IPEN အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ သည့် ဒေသခံအဖွဲ့အစည်း ဖြစ်သည်။

တနင်္သာရီမြစ်ကြောင်း တစ်လျှောက် တွင် ပြဒါးသုံးစွဲမှုကို စနစ်တကျ ရှိလာ စေရန် အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးသန့်ဇင်က ဆိုသည်။အဆိုပါ လေ့လာတွေ့ရှိချက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တပ်မ ဟာ ၄ ကရင်အမျိုးအသား အစည်းအရုံး (KNU) တို့အား ပဏာမအားဖြင့် တင်ပြထားပြီးဖြစ်ကြောင်း ၎င်းက ဆို သည်။လေ့လာချက်အရ ပြဒါးဆိပ်သင့် သူများမှာ ပြဒါးဆိပ်သင့်နေသည့်ငါးကို စားမိခြင်းနှင့် ပြဒါးအသုံးပြုသည့် အသေးစား ရွှေတူးဖော်သည့် လုပ်ငန်း များတွင် လုပ်ကိုင်ခြင်းမှ ပြဒါးဆိပ်ကူး စက်ခြင်း ဖြစ်သည်။

တနင်္သာရီမြစ်ကြောင်း တစ် လျှောက်တွင် တစ်နိုင်တစ်ပိုင် ရွှေ ဖောင် လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။သို့သော် တနင်္သာရီမြစ်ကြောင်း တစ်လျှောက်တွင် ရွှေတူးဖော်နေသည့် လုပ်ငန်းများကို တရားဝင်ခွင့် ပြုထား ခြင်း မရှိကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

” ဒီကိစ္စ(လေ့လာချက်ရလဒ်)ကို လာမယ့် တိုင်းအစိုးရအဖွဲ့ အစည်းအဝေး မှာ တင်ပြသွားဖို့ ရှိပါတယ်” ဟု ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
တရားမဝင်ရွှေဖောင်လုပ်ငန်းများနှင့် ပြဒါးဆိပ်သင့်နေသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စများကို တိုင်းအစိုးရ အဖွဲ့အစည်းအဝေးတွင် တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အသေးစား ရွှေတူးဖော်ရေးလုပ်ငန်း များ ဆက်လက်လုပ်ဆောင်နေ မည် ဆိုပါက ပြဒါးဆိပ်သင့်မှုမှ ရှောင်လွှဲရန် ခက်ခဲမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် Ecological Alert and Recovery-Thailand (Earth) အဖွဲ့မှ ဒါရိုက်တာ ပန်ချွန်စေတန်က တနင်္သာရီ အပတ်စဉ်သို့ ပြောကြားသည်။
Ecological Alert and Recovery-Thailand (Earth) အဖွဲ့သည် အဆိုပါ သုတေသနတွင် ထိုင်းနိုင်ငံအတွက် IPEN နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည့်အဖွဲ့အစည်း ဖြစ် သည်။”ပြဒါးကို အသုံးပြုတဲ့ ရွာသားများ အနေနဲ့ တိုက်ရိုက်ထိတွေ့ခြင်းက အဆိပ်သင့်နိုင်ပြီး ပြဒါးအငွေ့ ပျံခြင်း ကလည်း အဆိပ်သင့်နိင်တယ် ” ဟု ပန်ချွန်စေတန်က ဆိုသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြဒါး အဆိပ်သင့်မှုဖြစ်စေသည့် အဓိက အကြောင်းအရင်းဖြစ်သည့် ကျောက်မီး သွေးစက်ရုံများ၊ ရွှေတူးဖော် ရေးလုပ် ငန်းများ၊ ရေနံဓာတုစက်မှုလုပ်ငန်းများကို ထိန်းချုပ်မှု လုပ်ဆောင်သင့်ကြောင်း ပန်ချွန်စေတန်က ပြောသည်။နိုင်ငံပေါင်း၂၅နိုင်ငံတွင် သုတေ သနပြုလုပ်ထားသည့် အဆိုပါ အစီ ရင်ခံစာသည် လူ့ခန္ဓာကိုယ်တွင် ပြဒါး ဓာတ်ပါဝင်နေသည့် အဆင့်သည် ဦးနှောက်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်း များကို ပျက်စီးစေနိုင်သည့် အဆင့်ရှိ၊ မရှိကိုတိုင်းတာခြင်း ဖြစ်သည်။

မတူညီသည့်တိုက်ကြီး ၆တိုက်ရှိ နိုင်ငံပေါင်း ၂၅ နိုင်ငံ၏ နေရာဒေသ ၃၇နေရာမှ ကိုယ်ဝန်ဆောင်နိုင်သည့် အသက်အရွယ် (၁၈မှ၄၄နှစ်အတွင်း) ရှိအမျိုးသမီးပေါင်း ၁၀၄၄ဦးထံမှ ဆံပင် နမူနာများကို IPEN အဖွဲ့က စုဆောင်း ခဲ့သည်။ တစ်နိုင်ငံလျှင် အမျိုးသမီး၃၀ ဦး မှ ၃၅ ဦးအထိမှ နမူနာများရယူခဲ့ခြင်း ဖြစ်သည်။

ပြဒါးဆိပ်သင့်နိုင်ခြေရှိသည့်နေရာများ၊ ပြဒါးသင့်နေသည့် အစား အသောက် ဥပမာငါးများကို စားသောက် ခြင်းမှ တစ်ဆင့်ပြဒါး ဆိပ်သင့်နိုင်သည့် အခြေအနေရှိသည့် ဒေသများမှ နမူနာ များ ရယူလေ့လာထားသည်။ဒေသထွက်အစားအသောက်များ ကို ကြီးကြပ်သည့်အဖွဲ့များအနေဖြင့် မိမိတို့၏ ဒေသတွင် မည်သည့်ငါး အမျိုးအစားနှင့် ရေထွက်ကုန် အစား အသောက်များက လူထုအတွက်၊ အထူးသဖြင့် အမျိုးသမီးများအတွက် အန္တရာယ်ကင်းစွာ စားသောက် နိုင်သည် ကို ကြေညာပေးသင့်ကြောင်း အစီရင် ခံစာက သတိပေးထားသည်။

အရေးယူဆောင်ရွက်ခြင်းမရှိပါက နောက်မျိုးဆက်များအနေဖြင့် ပြဒါးဆိပ် သင့်သည့် နောက်ဆက်တွဲ အကျိုး ဆက်ကို ခံစားရမည်ဟု ဆိုသည်။
လေ့လာဆန်းစစ်ချက်အရ သုတေ သနပြုလုပ်ခဲ့သည့် အမျိုးသမီး စုစုပေါင်း ၏ ၄၂ ရာခိုင်နှုန်းတွင် အမေရိကန် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ (နဏဗ) က သတ်မှတ်ထား သည့် ကျန်းမာရေးစံချိန်စံညွှန်းဖြစ် သည့် ၁ စစာ ပမာဏ (အပုံ တစ်သန်းပုံ လျှင်တပုံ) ထက်ပိုများနေသည်ကို တွေ့ ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ဧရာဝတီ၊ ချင်း တွင်း မြစ်ကြောင်းတစ်လျှောက် နေထိုင် သူများတွင်လည်း ပြဒါးဆိပ်သင့်နိုင် သည်ဟု သံသယရှိကြသည်။