ရယ်ရမောရ အရေးပေါ် ဆရာဝန် ဘ၀ (၄)

0
617

“ဆရာကယ်မှ ဖြစ်မှာ ဆရာရယ်၊ ဆရာ ကယ်ပါဦး”
ဆိုလာသူက လူလတ်ပိုင်း မိန်းမ တစ်ယောက်။
“ဟေ၊ ဘယ်လိုကယ်ရမတုန်း”ဆို တော့
“ဟုတ်ပါတယ် ဆရာရယ်၊ ဆရာ ကျွန်မတို့ မိသားစုကို ကယ်ပါဦး”လို့ အဲသည် မိန်းမရဲ့ အမေ ဖြစ်ဟန်တူသူက ဆိုတယ်။
“ငင့်၊ ဘာတွေဖြစ်လို့ ဘယ်လို ကယ်ရမလဲ မေးနေပါတယ်ဆိုနေ”လို့ ကျွန်တော်ထပ်ပြောတော့ သူတို့နဲ့ အတူ ပါလာတဲ့ အရပ်ပုတုတု ဂင်တိုတို လူက ဝင်ပြော တယ်။

“ဟုတ်တယ်၊ ဆရာ၊ ကျွန်တော့် မိန်းမကို စစ်ဆေးပေးပါ။ အခြား ယောက်ျm; နဲ့ အတူနေထားလား၊ မနေထားဘူးလား လို့”တဲ့လေ။
“ဟမ်၊ အာ့လိုဆို ဘာကြီးပါလိမ့်။ လတ်တလော ကာမစပ်ယှက်ထားခြင်း ရှိ၊ မရှိဆိုတာက မုဒိမ်းမှုမှာ ရဲဘက်က စစ်ဆေးခိုင်းပါမှ သည်ဘက်က စစ်ဆေး ပေးကြရတာမျိုးလေ”လို့ ပြောပေမဲ့ အဲ သည် လင်မယားရယ်၊ အမျိုးသမီးရဲ့ အမေယောက္ခမ ဖြစ်သူရယ်က ဇွတ်။
တစ်ညီတစ်ညွတ်တည်း ပြောနေ တာက အဲသည် မိန်းမသည် အမျိုးသားနှင့် အတူနေခဲ့ခြင်းရှိ၊ မရှိဆိုတာရယ်။ ဘယ်သူ နဲ့ နေတယ်ဆိုတာရယ် စမ်းသပ်ပေးဖို့ပဲ တကျီကျီ လာပြောနေလေတော့ ခေါင်း ခြောက်သွားသည်။

“ဟဲ့၊ အဲသလို စစ်ဆေးတယ်ဆိုတာ က တစ်ကိုယ်လုံးအကုန် စစ်ဆေးတာနော်”လို့ စိတ်စမ်းပြီးပြောပေမဲ့လို့
“ဆရာရယ် ထူးမနေတော့ပါဘူး၊ ကျွန်မ လိပ်ပြာ ကျွန်မယုံတယ်။ ကျွန်မ ရှက်ပေမဲ့ ဆရာတို့ စစ်ဆေးတာ လက်ခံ မယ်တဲ့”။
ရော်၊ ခက်ပြီ။ ဘာဆက်လုပ်ရမှန်း မသိတော့၊ အဲသုံးယောက်ကို တစ်ယောက် စီခွဲမှ ဖြစ်မည်။

။။ ။။

“ဆရာမရေ၊ ပထမဆုံး ယောက်ျm; ဖြစ်သူနဲ့ နှစ်ယောက်တည်း ပြောမယ်ဗျာ၊ ကျန် နှစ်ယောက်အပြင်မှာနေခိုင်းလို့”ပောပြီး အတွင်းခန်းမှာ ယောက်ျm; ဖြစ်သူကို မေးရသည်။
“ကျွန်တော် ဝါလတ်လိုက်တယ် ဆရာရယ်၊ ဝါလတ် လိုက်သွားရင် လပိုင်း အထိ ကြာတတ်ပါတယ်၊ အဲအချိန်မှာ ကျွန်တော် ရှာဖွေရသမျှ မိန်းမကို အပ်ပါ တယ် ဆရာရယ်၊ ဒါပေမဲ့ ကျွန်တော့် မိန်းမက သစ္စာမရှိဘူး၊ ဖောက်ပြန်တယ်။”

“ဟမ်၊ သူဖောက်ပြန်တာ မင်းဘယ် လို သိတုန်း”ဆိုတော့
“နားနဲ့မနာ ဖဝါးနဲ့ နာပါဆရာရယ်၊ ကျွန်တော့် သူငယ်ချင်းရဲ့ ဖုန်းထဲက အပြာ ကားထဲမယ် ကျွန်တော့် မိန်းမပါလာလို့”
့”ဟေ၊ မင်းဟာက သေချာလို့လား”ဆို တော့ . . .
့”သေချာတယ် ဆရာ၊ အဲကားထဲက ကောင်မလေးရဲ့ လက်ကောက်က ကျွန်တော်မိန်းမကို ဆင်ထားတဲ့ လက် ကောက်ပဲ၊ ကျွန်တော်သိတာပေါ့”တဲ့
့”ဟေ . . “လို့ အံ့ဩစွာ ပြောမိတယ်။

အဲမိန်းမ ပြန်တွေးကြည့်တော့ မည်း မည်း ၀၀ အသက်က လေးဆယ်တော့ နီးပြီ၊ နေလောင်လို့ အသားမည်းမည်း၊ မပြင် မဆင် ၀တုတ်တုတ် မိန်းမကို ပြန်မြင် ရင်းသူပြောတာ ဖြစ်နိုင် မဖြစ်နိုင် ပြန် တွေးနေမိတော့ သူက ထပြောသည်။
“ကျွန်တော်ပြောနေတာ သေချာ နား ထောင်ပါ ဆရာရဲ့၊ တောင်တွေး မြောက် တွေး မလုပ်နေစမ်းပါနဲ့”လို့ ကိုယ့်ကို မာန်တယ်။
“အမ်၊ ဟုတ် ခညာ၊ ဟုတ်ကဲ့ပါ။ နား ထောင်နေပါတယ် ခည”

“ကျွန်တော် အသေအချာ လေ့လာ နေတာ တစ်လနီးပြီ။ သေချာအောင် စောင့် နေတာ၊ ဟမ်း၊ မိလို့ကတော့ကွာ၊ ကတောက်”
“ဟဲ့ ပလုတ်တုတ်၊ လန့်လိုက်တာ ဗျာ”လို့ပြောမှ
“ကန်တော့ဆရာ၊ ကန်တော့၊ ဟို မနေ့ညက သိလား၊ ညသန်းခေါင်ကျော် ကျွန်တော် မှေးခနဲ အိပ်ပျော်သွားတယ်။ သည် မိန်းမ ပျောက်သွားတယ် သိလား။ အဲမှာ သူသွား ဖောက်ပြန်တာ”
့”ဟေ၊ သေချာလို့လား၊”

့”သေချာတယ် ဆရာ၊ ကျွန်တော်က ညဘက် သူသနပ်ခါးလိမ်း အိပ်တတ် တော့ သနပ်ခါး ရှိမရှိ၊ သူ့ဖိနပ် ဗွက်ပေ၊ မပေသေချာ ကြည့်ပြီးပြောတာ၊ မယုံရင် ဆရာစမ်းကြည့်”
့”အေးပါဟာ ထားတော့” ဟိုးအမျိုး သမီးခေါ်ခဲ့ဆိုပြီး
အဲလူကို အပြင်ထွက်ခိုင်းပြီး အမျိုး သမီး နဲ့ စကားပြောရတယ်။
အနား ဆရာမ လေးတစ်ယောက် တော့ ခေါ်ထားရသပေါ့လေ။

။။ ။။
“ကဲ ပြောပါဦး။ ညီမရဲ့”လို့ စကား ခင်းပေးရတယ်။ ပြောသာပြောရတာ၊ သည် မိန်းမက ကိုယ့်ထက်ငယ်မယ် ထင်ပေမဲ့ ရုပ်ရည်က လောကဓံ အရိုက် အပုတ်ကြောင့် ရင့်ရော်နေသလို သား သမီးခြောက် ယောက်မွေးထားတဲ့အပြင် ခေါင်းရွက် ဗျတ်ထိုးဈေးပြေး ရောင်းရင်း ကလေးတွေနဲ့ မိသားစုအတွက် အလုပ် လုပ်ရလို့ ဘ၀ကြမ်းမှာ ရင့်နေသည့် ရုပ်သွင်ရှိသည်။

“ဆရာရယ်၊ အဲလူက အလုပ်လညဲ်း မလုပ်၊ ဘာမလုပ်ဘဲနေတာ တစ်လ ကျော်ပြီ။ အလုပ်လုပ်လည်း သူ့အလုပ်နဲ့ သူ သုံးတာ မကာမိလို့ ကလေးတွေနဲ့ အမေအိုအတွက် ကျွန်မပဲ ရုန်းကန်နေ ရတာပါ။ ဘုရားပေးပေး ကျမ်းပေးပေးပါ ဆရာရယ်၊ ကျွန်မဘာမှ ဖောက်ပြန်ဖို့ မပြောနဲ့ ကျွန်မ ကလေးတွေအတွက် တစ်နေကုန် အလုပ်လုပ်၊ ဝမ်းစာရေးပဲ လုံးပန်း နေရတာ၊ အဲသည်ကြားထဲသူက တစ်မှောင့်ဆိုတော့ သေသာသေချင်တော့ တယ် ဆရာရယ်။ ရပ်ကွက်ထဲလည်း ကျွန်မ ရှက်လှပါပြီ၊ ကြမ်းတစ်ချပ်ခြား ဆင်းရဲသား အိမ်ပတ်ဝန်းကျင်မှာ ဟိုး ဘက်အိမ်က လေလည်တာ သည်ဘက် အိမ်ကကြားနေရတာ သူလုပ်တာနဲ့ပဲ ရှက်လှပါပြီ။ ဆရာစမ်းလို့ရရင် စမ်းသပ် ပေးစမ်းပါ။ ဆရာ့ကိုပဲ အားကိုးပါတယ် ရှင်”တဲ့။
ဂိ၊ အရပ်မှု ဆရာဝန်လာပတ်တာပဲ။ ယောက္ခမ ဖြစ်သူကိုမေးဦးမှပဲ။

။။ ။။

“ဆရာရယ် အဲကောင်က ကျွန်မ ပဲအိမ်ပေါ် တင်လက်ခံပြီး ကျွန်မသမီးနဲ့ နေရာ ချပေးထားတာ နှစ်ပေါင်းတစ်ဆယ် ကျော်ပြီ၊ ကလေးက ခြောက်ယောက် ရလာပြီ။ ခုတစ်လောဆေးကြောင်ပြီး သည်ကောင် သမီးကို ပြဿနာရှာ နေ တာ၊ ကျွန်မလည်း အနေခက်လာပြီ။ ဆင်းရဲသားအိမ်ဆိုတော့ ယိုသူမရှက် မြင်သူ ရှက်ဆိုသလိုပဲ။ သမီး ညဖက် အိပ်ခါနီး လိမ်းတဲ့သနပ်ခါးပျက်နေလည်း ပြဿနာရှာ၊ ဖိနပ်ဗွက်ပေနေလည်း စွပ်စွဲ၊ ယုတ်စွအဆုံး သမီးထဘီမှာ အစွန်း အကွက်တွေ့ရင်တောင် မှန်ဘီလူးနဲ့ ပြူးပြဲကြည့် လုပ်နေလို့ ကျွန်မကပဲ အဲကိစ္စ ဆေးရုံမှာ ရှင်းမယ်ဆိုပြီး ခေါ်လာတာ”တဲ့။
ငင့်၊ ဘယ်လိုရှင်းရပါ့၊ ဦးနှောက်ကို အလုပ်ပေးပြီး ဘယ်လိုလုပ်သင့်လဲ အဖြေရှာရသည်။ အရှင်းမတော် ကိုယ့် ပါလာ ပတ်မည့် ပြဿနာမျိုး။
။။ ။။

“ကဲယောက်ျားကိုပြန်ခေါ်။”
“ခင်ဗျား အဲအမျိုးသမီးကို ကွာမ လို့လား”ဆိုတော့
“ကွာ မပေးနိုင်ပါ”တဲ့၊

“ဆရာစမ်းသပ်ပေးလို့ ကင်းရှင်းရင် လက်ခံမယ်။ မကင်းရင်တော့ အဟမ်း” လို့ ဆိုတော့ ကိုယ်တောင်မှ ကျောထဲစိမ့် သွားတယ်။
“ခင်ဗျား အလိုအတိုင်း စစ်ပေးမယ် ဗျာ၊ တစ်ခုပဲ ခင်ဗျားကို ပြန်တောင်းဆိုချင် တယ်။ ညဘက်တွေ ခင်ဗျားအိပ်ရေး မ၀လို့ စိတ်ကျန်းမာရေး ဆရာဝန်ကြီးနဲ့ ပြပေးတာ ခင်ဗျားလက်ခံရမယ်။”

“ဘာ၊ ဘာ၊ ခညားက ကျုပ်ကို ရူးနေတယ် ထင်လို့လား”တဲ့ အနားအထိ ကပ်ပြီး မေးတယ်။ ကိုယ်လည်း ကြောက် ပေမဲ့ ခပ်တည်တည်နဲ့ ပြောရတယ်။
“ခင်ဗျားအတွက် ပြောတာဗျ၊ လက်ခံမှ စမ်းပေးမယ်”လို့ ပြောတော့ သကောင့်သား ခပ်လေးလေး ခေါင်းညိတ် တယ်။
“ဆာဝံ မလိမ်ရဘူးနော်”လို့ ထပ်ပြော သေးတယ်။ သူ့မိန်းမနဲ့ အမေဖြစ်သူကိုခေါ် ရှင်းပြ ရ တယ်။
“လတ်တလော စပ်ယှက်ထားတာ ရှိမရှိ ဆိုတာက ကလေးအမြောက်အများ မွေးထားရင် ပြင်ပ စမ်းသပ်ရုံ အတိအကျ မပြောနိုင်ဘူး။”
ဆိုတော့
“အာထရာဆောင်းနဲ့ ကြည့်ပေါ့ ဆရာရယ်။ အမျိုးသားနဲ့နေထားတဲ့ အရာ တွေ အလွှာလိုက် အထပ်လိုက်တွေ့မှာ ဟုတ်ဘူးလား”တဲ့။

“ငင့်၊ သေဟ”လို့ပဲ ကိုယ့်နဖူးကိုယ် ရိုက်မိရင်း ပြောမိတယ်။ ထပ်လည်း မရှင်းပြတော့ဘူး။ သူရို့လုပ်တာနဲ့ ကိုယ် လည်း ခြာခြာလည်လာပြီ။ အချိန်နည်း နည်းဆွဲ့ပြီး စမ်းချင်ယောင်ဆောင်လို့ ခဏအကြာမှ ဟိုသကောင့်သားကို ပြန်ခေါ်ရှင်းပြရတယ်။
“လတ်တလော ကင်းပါတယ်ဗျ”။ လို့ ပြောတော့ ကိုယ့်အနားအထိ သူကပ် လာပြီး
့”သေချာလို့လား ဆရာ”တဲ့၊ အသံဩ ကြီးနဲ့ မေးတယ်။

“စစ်ဆေးတာ အဲလောက်အဖြေက မြန်ရို့ယား”လို့ ဆက်တယ်။
“လတ်တလောတွေ့တာ ပြောသဗျ၊ ကျန်တာက ဓာတုဗေဒဝန်ရုံးက အဖြေ ပြန်ရမှ သေချာမှာ။ ခုလည်း သေချာ သလောက်တော့ ရှိတယ်။ ခင်ဗျားသာ စိတ်ရောဂါ ဆရာဝန်ကြီးဆီ ပြဖြစ် အောင်ပြ”လို့ ပြောတော့
့”အေးပါ ဆာဝံရယ်၊ ငါကတိတည် ပါတယ်”တဲ့။
တကယ်က ဘာမှ စစ်ဆေးလို့ မတွေ့ ရနိုင်တာ ထပ်မရှင်းရဲတော့ဘူး။

။။ ။။
တခါတလေ အရေးပေါ်ဆိုတာမျိုး က အဲလိုမျိုးတွေလည်း လာတတ်တယ်။ သူတို့ အရေးပေါ်ဌာနက ထွက်သွားမှ ကိုယ်လည်း ခြေပစ်လက်ပစ် ထိုင်မိတော့ တယ်။