မြိတ်စည်ပင်ကော်မတီသို့ နေ့စဉ် တိုင်ကြားမှု ၅ ခုခန့်ရှိ

0
396

မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီသို့ စည်ပင်သာယာရေးနှင့် ပတ်သက်သည့် တိုင်ကြားမှု နေ့စဉ် ၅ ခု ခန့် ရှိကြောင်း ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုထံမှ သိရသည်။

တိုင်ကြားသူများသည် ကိုယ်တိုင် လာရောက် တိုင်ကြားလေ့ရှိပြီး အိမ် ချင်းကပ် ပြဿနာများ၊ မြေကျော်ပြီး အိမ်ရာ ဆောက်လုပ်ထားခြင်း၊ နေအိမ် ရှေ့ရေမြောင်းတူးခြင်း စသဖြင့် ပြဿနာ များကို နှစ်ဦးနှစ်ဖက် ပြေလည်အောင် နေ့စဉ် ဖြေရှင်းပေးနေရကြောင်း ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောပြသည်။
“ပြ သာနာတွေက အစုံပါပဲ။ တစ် နေ့ကို ၄ခုနဲ့ ၅ခုကြား ရက်တိုင်း ရှိနေ တယ်”ဟု ဦးမြတ်ကိုကိုက ပြောသည်။

ထို့ပြင် စည်ပင်ကော်မတီနှင့် ပတ် သက်သည့် လုပ်ဆောင်ချက်များကို မြို့နေလူထု အကြံပြုနိုင်ရန် ဩဂုတ်လ ၃၁ ရက်မှစပြီး အကြံပြုစာပုံးများကို မြို့သစ်လမ်းဆုံ၊ ဆိပ်ငယ်ဈေးကြီး (အပြင် ဘက် နာရီစင်အနီး)နှင့် ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံထောင့်တို့တွင် ချထားကြောင်း အထက်ပါကော်မတီမှ သိရသည်။

အကြံပြုစာများကို ၃ရက် တစ် ကြိမ် သိမ်းဆည်းပြီး လက်ရှိတွင် ယင်း အကြံပြုစာပုံးများတွင် စာထည့်သူ နည်း ပါးသေးကြောင်း ကော်မတီမှ သိရသည်။
အကြံပြု စာထည့်သူများလာပါက အကြံပြုစာပုံးများကို ထပ်မံတိုးချဲ့ချ ထားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရ သည်။