တိုင်းအတွင်း ကျေးလက်လမ်းဖွံ့ ဖြိုးရေး ကျပ်သန်းတစ်ထောင်ကျော် သုံးမည်

0
523

ယခုဘဏ္ဍာရေးနှစ်တွင် တနင်္သာရီ တိုင်းအတွင်းရှိ ကျေးလက်လမ်း ဖွံ့ဖြိုး ရေးအတွက် ငွေကျပ် သန်းတစ်ထောင် ကျော် အသုံးပြုမည် ဖြစ်ကြောင်း ယခုနှစ်တွင် အသစ်ဖွင့်လှစ်လိုက်သည့် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
ပြည်ထောင်စု ဘတ်ဂျက် ကျပ် သန်းတစ်ထောင်ကျော်ဖြင့် လိုအပ်ချက် ရှိနေသည့် ကျေးလက်ဒေသများရှိ လမ်း နှင့် တံတားများကို တည်ဆောက်မည် ဖြစ်ပြီး လမ်းတည်ဆောက်ရန် အတွက် ကျပ်သန်း ၁၀၃၀ ဒဿမ ၆၇ သန်းနှင့် တံတားတည်ဆောက်ရေး အတွက် ကျပ်သန်း ၁၄၇ ဒဿမ ၉၁ သန်း အသုံး ပြုမည်ဖြစ်ကြောင်း အထက်ပါဌာနမှ တနင်္သာရီတိုင်း တာဝန်ခံ ဦးဇော်မိုးဦးက ပြောသည်။

“ကျေးလက်လမ်းတွေကို ရာသီ မရွေး သွားလာလို့ရတဲ့ လမ်းတွေ ဖြစ် အောင် သုံးသွားမယ်”ဟု ဦးဇော်မိုးဦးက ပြောသည်။
ကျေးလက် လမ်းနှင့် တံတားများ တည်ဆောက်ရေးလုပ်ငန်းများကို ယင်းကဲ့သို့ ဌာနတစ်ခုက သီးသန့် လုပ်ဆောင်ရသည့် အတွက် ပိုမိုနိုင်နင်းစွာ လုပ်ဆောင်နိုင်မည်ဟု ထင်မြင်ကြောင်း ထားဝယ်မြို့အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်တစ်ဦးက ဆိုသည်။

ကျေးလမ်းလမ်း ဖွံ့ဖြိုးရေးဦးစီး ဌာနကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင် ဖွဲ့စည်းခဲ့ပြီး တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ရုံးများ ဖွင့်လှစ်ထားသည်။
ယခင်က ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကိုင်တွယ် ဆောင် ရွက်သည့် ကျေးလက်လမ်း အရေအတွက် မှာ ထားဝယ်ခရိုင်တွင် လမ်းပေါင်း ၄၃၀၊ မြိတ်ခရိုင်တွင် ၆၁၅ လမ်းနှင့် ကော့သောင်း ခရိုင်တွင် ၁၇၉ လမ်းရှိကြောင်းထံမှ သိရသည်။

လက်ရှိတွင် အဆိုပါလမ်းများကို ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနက လွှဲပြောင်း ဆောင်ရွက်ရမည်ဖြစ်သည်။