ဆိုင်ကယ် မောင်းလိုင်စင်ရှိသူ ဦးရေ လိုင်စင်ရှိ ဆိုင်ကယ် အရေအတွက်၏ ထက်ဝက်ခန့်သာရှိ

0
396

တိုင်းအတွင်း ဆိုင်ကယ်မောင်း လိုင်စင်ရှိ သူဦးရေမှာ လိုင်စင်ရှိသည့် ဆိုင်ကယ်အရေအတွက်၏ ထက်ဝက် ခန့်သာရှိကြောင်း တနင်္သာရီ တိုင်းဒေသ ကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ကညန) စာရင်းများအရ သိရသည်။

တနင်္သာရီတိုင်းအတွင်း လိုင်စင်ရှိ သည့် ဆိုင်ကယ်အစီးရေ ၂ သိန်းကျော် (၂၀၂၀၈၇စီး)ရှိပြီး ဆိုင်ကယ်မောင်း လိုင်စင်(က)ရှိသူ ဦးရေမှာ ၁ သိန်းကျော် (၁၁၈၃၅၅ ဦး)ရှိကြောင်း တိုင်းကညန၏ စာရင်းများအရ သိရသည်။

လိုင်စင်ရှိ ဆိုင်ကယ်အစီးရေမှာ လက်ရှိ ပြုလုပ်ပေးနေသည့် ဒေသလိုင် စင်ရှိ ဆိုင်ကယ်အစီးရေ မပါဝင်သေးပေ။
အချို့ကမူ ဆိုင်ကယ်မောင်းခွင့် ရှိသည့် ကားမောင်းလိုင်စင်များဖြင့် ဆိုင်ကယ်မောင်းနှင်ကြပြီး ၎င်းတို့သည် လည်း ဆိုင်ကယ်မောင်း လိုင်စင် (က) မရှိသူ တစ်သိန်းကျော်တွင် ပါဝင်လျက် ရှိသည်။

“ကွာဟတာတော့ ရှိတယ်၊ လူတိုင်း ယာဉ်မောင်းလိုင်စင် လုပ်ပြီးမှ မောင်းဖို့ လိုတယ်”ဟု ကညန တိုင်းဒေသကြီး ဦးစီးမှူး ဦးထင်ပေါ်က ပြောသည်။
ဆိုင်ကယ်မောင်းနှင်သူတိုင်း လိုင်စင် ရှိစေရန် နယ်မြို့များအထိ ကွင်းဆင်း လုပ်ပေးလျက်ရှိကြောင်း ဦးထင်ပေါ်က ဆိုသည်။
လက်ရှိအချိန်တွင် တိုင်းအတွင်း စည်းကမ်းမဲ့ ဆိုင်ကယ်စီးနင်းမှုများကို ဖမ်းဆီးအရေးယူနေပြီး ပိုမိုတင်းတင်း ကြပ်ကြပ် စစ်ဆေးနိုင်ရန် အဖွဲ့စုံပါဝင် သည့် အဖွဲ့ဖြင့် စစ်ဆေးရန် တိုင်းရဲတပ် ဖွဲ့ထံ စီမံချက် တင်ပြထားကြောင်း အမှတ် ၁၁ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး ညီညီလှိုင်က ဆိုသည်။

“ယာဉ်မောင်းလိုင်စင် မရှိဘဲမောင်း ရင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို မသိနိုင်ဘူး”ဟု ရဲမှူးညီညီလှိုင်က ပြောသည်။
တိုင်းအတွင်း စည်းကမ်းမဲ့ ဆိုင် ကယ်မောင်းနှင်မှုများကြောင့် ယာဉ်တိုက် မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
ခရိုင် ဆိုင်ကယ် ဆိုင်ကယ်မောင်းလိုင်စင်
ထားဝယ် ၆၀၂၆၉ ၉၇၉၉၉
မြိတ် ၃၉၈၁၃ ၈၄၄၉၅
ကော့သောင်း ၁၈၂၇၃ ၁၉၅၉၃