လေးလကျော်အတွင်း ဆိုင်ကယ် ၆ စီး ခိုးသူများ ဖမ်းမိ

0
358

ထားဝယ်မြို့တွင် လေးလကျော် အတွင်း ဆိုင်ကယ် ၆စီးဆက်တိုက် ခိုးယူသူများ ကို ဖမ်းမိခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။
စက်တင်ဘာလ ၉ ရက်နေ့က ဖမ်းမိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အား လုံးကို ပြန်လည် သိမ်းဆည်းမိထား သည်ဟု ထားဝယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

“ဆိုင်ကယ်တစ်စီးနဲ့လာပြီး ဇက်သော့(လက်ကိုင်သော့) မခတ်ထား တဲ့ ဆိုင်ကယ်တွေကို ပျက်နေတဲ့ပုံစံနဲ့ ကန်ပြီး (တစ်စီးက တစ်စီးကို ခြေထောက် နှင့် ကန်ထားကာ မောင်းနှင်ပြီး) ခိုးကြ တာ”ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
ကြက်စားပြင်ရပ်ကွက်နေ အမျိုး သား ၂ ဦးကို သတင်းအရ ခေါ်ယူ စစ်ဆေးရာမှ အဆိုပါရပ်ကွက်နေ အသက် ၁၇ နှစ် အရွယ် နောက်ထပ် အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့သည်။

နောက်ထပ်ကွင်းဆက် သံသယ ရှိသူဖြစ်သည့် ဘုမ္မော်ရပ်ကွက်နေ အမျိုး သားတစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ် ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ခိုးသွားသည့် ဆိုင်ကယ်များကို ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်နှင့် အခြားသူတစ်ဦးထံ ရောင်းချထားသည့် အတွက် လိုက်လံသိမ်းယူခဲ့ရကြောင်း ယင်းရဲအရာရှိက ဆိုသည်။

သိမ်းဆည်းရမိသည့် ဆိုင်ကယ် များကို အောက်တိုဘာလ မတိုင်မီ ပိုင် ရှင်များကို ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆိုင်ကယ်ခိုးသည်ဟု သံသယ ရှိသူများကို ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း ရဲမှတ် တမ်းအရ သိရသည်။