တိုင်းကညနရုံးတွင် ဒေသလိုင်စင် လုပ်ပေးမည့် ဆိုင်ကယ်အစီးရေ ကန့်သတ်မည်

0
370

လိုင်စင်မဲ့ ဆိုင်ကယ်များကို ဒေသ လိုင်စင် လုပ်ပေးနေသည့် ထားဝယ်မြို့ရှိ တိုင်းဒေသကြီး ကညနရုံးတွင် တစ်ရက် အတွင်း လုပ်ပေးမည့် ဆိုင်ကယ်အစီးရေကို ကန့်သတ်တော့မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)ထံမှ သိရ သည်။

လုပ်ငန်းများ အဆင်ပြေမှုရှိစေရန် လာမည့် စက်တင်ဘာလ ၂၈ရက် (ကြာသပတေးနေ့)မှစကာ တစ်ရက်လျှင် ဆိုင်ကယ်အစီးရေ ၃၀၀ ခန့်အထိသာ လုပ်ပေးတော့မည်ဖြစ်ကြောင်း ကညန တိုင်းဒေသကြီး ဦးစီးမှူးက ဆိုသည်။လက်ရှိတွင် တိုင်းအတွင်း ဆိုင်ကယ် ၁၆၅၇ စီးကို လိုင်စင်ထုတ်ပေးခဲ့ပြီး ဖြစ်သည်။