အရက်အတူသောက်ရာမှ လူသတ်မှုဖြစ်ပွား

0
394

တနင်္သာရီမြို့ မောတောင်နယ် စပ် အမှတ်၅ ကျေးရွာတွင် စက်တင်ဘာလ ၁၆ရက်က အရက်အတူသောက်ရာမှ စကားများပြီး လူသတ်မှုဖြစ်ပွားခဲ့ရကြောင်း မောတောင် နယ်မြေရဲစခန်းမှ သိရသည်။

အမှတ် ၅ ကျေးရွာမှ ၈ မိုင်ခန့် အကွာရှိ ကျောက်တောင်အနီးတွင် မိတ်ဆွေ ၃ ဦးမှ အရက်အတူသောက်စဉ် အခင်း ဖြစ်ပွားပြီး မောင်ကြူးဆိုသူက ကျော်ဝင်း ဆိုသူအား ဆဲဆိုသဖြင့် ကျော်ဝင်းက အရှည်သုံးပေခန့်ရှိ ထင်းချောင်းနှင့် တစ်ချက်ရိုက်ခဲ့ကြောင်း ရဲစခန်းမှ သိရသည်။

မောင်ကြူးတွင် ဝဲဘက် နံရိုးနေရာ တွင် ဒဏ်ရာရရှိခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်က တနင်္သာရီမြို့နယ်ရှိ ဆေးရုံ သို့ တင်ပို့စဉ် လမ်းတွင် သေဆုံးခဲ့ရ ကြောင်း သိရသည်။
လက်ရှိတွင် ကျော်ဝင်းဆိုသူ အား အမှုဖွင့်အရေးယူထားကြောင်း မောတောင် မြို့နယ် ရဲစခန်းမှ သိရသည်။