ကျိုက်ထီးရိုး ကေဘယ်လ်ကား ပြေး ဆွဲမည့်ရက် ထပ်ရွေ့ပြန်

0
458

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သ မိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ တော်သို့ ပြေးဆွဲမည့် ကေဘယ်လ်ကား စီမံကိန်းသည် ကျိုက်ထီးရိုး ဘုရားပွဲအမီ ပြေးဆွဲနိုင်ခြင်း မရှိသေးဟု စီမံကိန်း တာဝန်ရှိသူထံမှ သိရသည်။
ကေဘယ်လ်ကား ပြေးဆွဲမည့်လနှင့် ပတ်သက်ပြီး ယခုအကြိမ်သည် တတိယ အကြိမ် ပြောင်းလဲသတ်မှတ်ခြင်း ဖြစ်သည်။

ပထမ လျာထားလမှာ ယခုနှစ် ဧပြီလဖြစ်ပြီး၊ ဒုတိယအကြိမ်အဖြစ် ဘုရားပွဲ ရာသီအမီ သီတင်းကျွတ်လပြည့် နေ့ (အောက်တိုဘာလ ၅ရက်)တွင် ပြေး ဆွဲနိုင်မည်ဟု ယင်းစီမံကိန်းကို အကောင် အထည်ဖော်နေသည် Sky Asia Co., Ltdကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့ဖူးသည်။
“ဘုရားပွဲကာလမှာ ဖွင့်ဖို့ ခန့်မှန်း ထားပေမယ့် အဓိကက ရာသီဥတု ဆိုး တာတစ်ချက်၊ နောက်တစ်ချက်က ကေဘယ်လ်ကြိုးကို အပေါ်တင်နိုင်မည့် စက် ရောက်တာ နောက်ကျသွားတယ်၊ ဒါကြောင့် လုပ်ငန်းအနည်းငယ် နှောင့် နှေး ကြန့်ကြာမှုရှိခဲ့တယ်”ဟု ကုမ္ပဏီ အထူးအကြံပေး ဦးမျိုးဝေက ပြောသည်။

စက်တင်ဘာလ ၁၈ရက်ထိ စီမံ ကိန်း၏ ၉၀ရာခိုင်နှုန်း ပြီးစီးနေပြီး ဒုတိယအကြိမ် သတ်မှတ်သည့် လထက် တစ်လနောက်ကျကာ အောက်တိုဘာ လကုန်ခန့်တွင် ဖွင့်လှစ်နိုင်မည်ဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။
“ဒါက အလျင်လိုနေလို့လည်း မရ ဘူး။ safety (လုံခြုံရေး) အတွက် အရမ်း အရေးကြီး ပါတယ်၊ ပြီးသွားရင်တောင်မှ ခရီးသွား ပြည်သူအတွက် လုံခြုံစိတ်ချရမှ ဆွဲလို့ရမှာပေါ့”ဟု ကျိုက်ထီးရိုး ဂေါပက အဖွဲ့ဝင် ဦးစိန်မြင့် ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးပြေးဆွဲ မည့် ကျိုက်ထီးရိုး ကေဘယ်လ်ကားကိုလူ ၄ ယောက်မှ ၈ ယောက်အထိ စီးနိုင် သည့်ကား ၄၃ စီး၊ အရန် ၁ စီးဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထီးရိုး ကေဘယ်လ်ကား ကို ကျိုက်ထီးရိုးဘေးမဲ့တောနယ်မြေ အတွင်းရှိ မြေဧက ၁၃ ဒသမ ၅ ဧကကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနတွင် အနှစ် ၇၀ စာချုပ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်သည်။