နွေစပါးအတွက် ကျပ်သန်း ၁၈၀ နီးပါး ထုတ်ချေးရန် လျာထား

0
384

တိုင်းအတွင်းရှိ မြို့နယ် ၃ ခုတွင် ၂၀၁၇ ခုနှစ် နွေစပါးစရိတ်ချေးငွေအတွက် ငွေကျပ် ၁၇၆ ဒသမ ၄၀ သန်း ထုတ်ချေးရန် လျာထားကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် တနင်္သာရီ တိုင်းဒေသကြီးဘဏ်ခွဲထံမှ သိရသည်။

ထားဝယ်၊ ရေဖြူနှင့် ပုလောမြို့ နယ်ရှိ တောင်သူ ၃၀၈ဦးကို ထုတ်ချေး ရန် လျာထားကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တိုင်း ဒေသကြီးဘဏ်ခွဲ မန်နေဂျာ (ယာယီ) ဒေါ်လဲ့လဲ့သန်းဌေးက ဆိုသည်။

လယ်တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် လာမည့် နိုဝင်ဘာလ ၇ရက်မှ ဒီဇင်ဘာလ ၂၄ ရက်အထိ ထုတ်ချေးမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက် နောက်ဆုံးထား ပြန်ဆပ်ရမည် ဖြစ်သည်။
“အခုက ချေးငွေအတွက် လျာထား တုန်းပဲ ရှိပါသေးတယ်”ဟု ဒေါ်လဲ့လဲ့ သန်းဌေးက ပြောသည်။

ထားဝယ်မြို့နယ်တွင် တောင်သူ ၄၆ ဦးကို ငွေကျပ် ၂၅ ဒသမ၂၀ သန်း၊ ရေဖြူမြို့နယ်တွင် တောင်သူ ၈၆ဦးကို ကျပ် ၄၂ သန်းနှင့် ပုလောမြို့နယ်တွင် တောင်သူ ၁၇၆ဦးကို ၁၀၉ ဒသမ ၂၀သန်း ထုတ်ချေးရန် လျာထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က နွေစပါး ချေးငွေအတွက် အထက်ပါ မြို့နယ် ၃ ခုမှ တောင်သူ ၂၈၅ ဦးကို ငွေကျပ် ၁၆၃.၃၅ သန်း ထုတ်ချေးခဲ့ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တနင်္သာရီတိုင်းဒေသကြီး ဘဏ်ခွဲထံမှ သိရသည်။