ညစာစားပွဲအတွက် ကုန်မည့်ငွေကို ချို့တဲ့လူနာများအား လှူ

0
387

မြိတ်တက္ကသိုလ်မှ ကျောင်းတွင်း အဆောင်နေ ကျောင်းသားများက ညစာ ပြုလုပ်မည့်ငွေများအား မြိတ်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေ သည့် ချို့တဲ့လူနာ ၅၀ ဦးကို စက်တင် ဘာလ ၁၈ ရက်က ပေးအပ်လှူဒါန်းခဲ့ ကြောင်း အဆိုပါ ကျောင်းသားများမှ သိရသည်။

အဆောင်နေ ကျောင်းသူကျောင်း သားများသည် ပညာသင်ကာလတစ်ခု ကုန်ဆုံးချိန်တွင် ညစာစားပွဲ ပြုလုပ်လေ့ သည်။
“ပျော်ပွဲရွှင်ပွဲလုပ်မယ့် ပိုက်ဆံကို ပျော်ပွဲရွှင်ပွဲ မလုပ်ဘဲနဲ့ နွမ်းပါးသူတွေကို လှူတာ ပိုပြီးတော့ပီတိဖြစ်ရတယ်” ဟု ပုလဲရာဇာ အဆောင်မှူး ရူပဗေဒဌာန ကတိက ဒေါက်တာဆန်းလွင်က ပြောသည်။

မြိတ်ဆေးရုံကြီးရှိ ချို့တဲ့လူနာ ၅၀ ဦးတွင် တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်း ဖြင့် လှူဒါန်းပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်းသို့ လှူဒါန်းခြင်းသည် ဒုတိ ယ အကြိမ်ဖြစ်ပြီး ပထမအကြိမ်ကို ပြီးခဲ့ သည့် မတ်လတွင်းက လူနာ ၁၅ဦး အ တွက် တစ်ဦးလျှင် ကျပ်နှစ်သောင်း နှုန်းဖြင့် လှူဒါန်းပေးခဲ့ပြီး ဖြစ်သည်။

မြိတ်တက္ကသိုလ်တွင် ကျောင်းတွင်း အဆောင်နေ ကျောင်းသား ၆၄ ဦးနှင့် အဆောင်နေကျောင်းသူ ၁၀၀ ဦးကျော် ရှိကြောင်း ယင်းတက္ကသိုလ်မှ သိရသည်။