KDDPC ကုမ္ပဏီ ရပ်ဆိုင်းတော့မည် မဟုတ်ဟုဆိုပြန်

0
421

စက်တင်ဘာလ ၂၂ ရက်နေ့မှ စတင်၍ အကန့်အသတ်မရှိ ယာယီ ရပ်နားမည်ဟု ကြေညာထားသည့် KDDPC ကုမ္ပဏီ ရပ်နားတော့မည် မဟုတ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ကော့သောင်းဒေသ မီးလင်းရေး အတွက် လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးခွင့် တင်ဒါကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ် ကြောင်း ပါချန် ကော့သောင်း ဒေသ လုံးဆိုင်ရာ လျှပ်စစ်ဓာတ်အား ထုတ် လုပ် ဖြန့်ချိရေးနှင့် အထွေထွေ ဖွံ့ဖြိုး ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ (KDDPC ) ကုမ္ပဏီထံမှ သိရသည်။
ကော့သောင်းမြို့နယ်တွင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူး ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရက ခေါ်ယူနေသည့် တင်ဒါတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း KDDPC ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးမင်းလွင်က ပြောသည်။

“ယာယီ နားမယ်ဆိုတာက လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးခွင့် မအောင် မြင်ရင် ရှေ့ဆက်လုပ်ငန်း စဉ်တွေကို ဆက်လုပ်ဖို့ ခဏ ယာယီနားဖို့ ပြော ထားတာပါ”ဟု ဦးမင်းလွင်က ဆို သည်။
အကယ်၍ တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်ပြီး မအောင်မြင်ပါက ကုမ္ပဏီ ယာယီရပ်နားမည့်ကိစ္စကို ကုမ္ပဏီတွင် ပြန်လည် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကော့သောင်းမြို့နယ်တွင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူး ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အိတ် ဖွင့်တင်ဒါလျှောက်လွှာကို စက်တင် ဘာလ ၂၅ ရက်တွင် စတင်ရောင်းချ မည်ဖြစ်ပြီး ဒေသခံ တိုင်းရင်းသား လုပ်ငန်းရှင်များအား ဦးစားပေးမည်ဟု တင်ဒါခေါ်ယူရေး ကော်မတီက ကြေ ညာထားသည်။