ကော့သောင်းတွင် မူးယစ်ပြန်လည် ထူထောင်ရေးစခန်း ပြန်ဖွင့်မည်

0
406

ကော့သောင်းမြို့တွင် မူးယစ်ဆေး ဝါး ပြန်လည်ထူထောင်ရေးစခန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြန် လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်း ရုံးမှ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းရီထံမှ သိရသည်။
ကော့သောင်းတွင် စခန်းကို ၂၀၀၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ဘိန်းဖြူဘိန်းမဲ ဆေးစွဲနေသော လူနာများကို ဆေးဖြတ် ပေးခဲ့သည်။

သို့သော် ဘိန်းဖြူဘိန်းမဲ သုံးစွဲသူ မရှိဘဲ ဆေးပြားသုံးစွဲသူများသာ ရှိပြီး လာ ရောက်ကုသသည့် လူနာနည်းပါး သည့်အတွက် အဆိုပါစခန်းကို ၂၀၀၇ ခုနှစ်တွင် ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းရီက ပြောသည်။

ယင်းစခန်းအား ၂၀၁၈-၂၀၁၉ ခု နှစ် ဘဏ္ဍာရေးနှစ်တွင် ပြန်လည်ဖွင့်လှစ် သွားမည် ဖြစ်သည်။
“မလုပ်လို့ မရတော့ဘူး ဆေး ပြားက တအားစိုးမိုးလာပြီ။ ဒါကြောင့် ကျွန်မတို့ ကော့သောင်းစခန်း ကို ပြန်ဖွင့်ခြင်း ဖြစ်တယ်”ဟု တိုင်းညွှန် ကြားရေးမှူး ဒေါ်ခင်စန်းရီက ဆိုသည်။

မူးယစ်ဆေးဖြတ်ပြီးသူများကို ပြန် လည်ထူထောင်ရေးစခန်းတွင် စိတ်ပိုင်း ဆိုင်ရာ ပြန်လည်ဖွံ့ဖြိုးစေရန်အတွက် အလုပ်နှင့်အစားထိုးပြီး မိမိဝါသနာပါ ရာ အသက်မွေးဝမ်းကျောင်း ပညာရပ် များကို သင်ပေးကြောင်း မိမိနေရပ်သို့ ပြန်ရောက်သည့်အခါ မူးယစ်ကြီးကြပ် စေတနာ့ဝန် ထမ်းများနှင့် ချိတ်ဆက်ပြီး မူယစ်ဆေး လောကထဲ ပြန်မရောက် သွားစေရန် ကူညီဆောင်ရွက်ပေးကြောင်း ဒေါ်ခင်စန်းရီက ပြောပြသည်။

မြန်မာတစ်နိုင်ငံတွင် မူးယစ်ဆေး ပြန်လည်ထူထောင်ရေးစခန်း ၁၂ ခု ရှိ ကြောင်းယင်းဦးစီးဌာနမှ သိရသည်။