လုပ်ခနှင့် ဒုက္ခ

0
533

တစ်နိုင်ငံလုံးရှိ အလုပ်သမားများ လုပ်အားခ တိုးမြှင့်ရေးကိစ္စကို လွှတ်တော် ၌ စက်တင်ဘာလ နောက်ဆုံးအပတ်တွင် ထည့်သွင်းဆွေးနွေး အတည်ပြုပြီး အစိုးရအနေဖြင့် လာမည့် ဘဏ္ဍာနှစ်၌ အကောင်အထည်ဖော် ဆောင်ရွက်ပေးရ တော့မည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ အနိမ့်ဆုံး အခကြေး ငွေပေးရေး ဥပဒေအရ နှစ်နှစ်တစ်ကြိမ် ပြန်လည်ပြင်ဆင်ရမည် ဖြစ်သည်။

အနိမ့်ဆုံး လုပ်အားခတစ်နေ့ ကျပ် ၃၆၀၀ ကို ၂၀၁၅ ခုနှစ် သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက အလုပ်ရှင်များ အနေဖြင့်ပေးရန် အမိန့် ညွန်ကြားချက် ထုတ်ပြန်ခဲ့ပြီး သော်လည်း ယနေ့သမ္မတ ဦးထင်ကျော် လက်ထက် ၂၀၁၇ စက်တင်ဘာလအထိ အားလုံး အပြည့် အဝ မရကြသေး။
ကျွန်တော် ကျင်လည်ရာ ရေထွက် ပစ္စည်းလုပ်ငန်း ဝန်းကျင်မှာတော့ အစမ်း ခန့်ကာလတွင် တစ်နေ့လုပ်အားခမှာ ကျပ် ၂၇၀၀ သာရရှိနေကြသူများပင် ရှိသည်။ တစ်နေ့လုပ်အားခ ကျပ် ၂၇၀၀ ဖြင့် အစမ်းခန့် ၃ လ (တစ်ချို့ ၄လ)အထိ လုပ်ကိုင်ရကြပြီး အတည်ခန့်သည့် အချိန်ကျမှ ကျပ် ၃၆၀၀ ကို ရရှိ ခံစား ကြရသည်။

သည်ကြားထဲ နိုင်ငံခြားသားပိုင်တဲ့ ကုမ္ပဏီဆိုလျှင် မင်းလိုလိုက် မင်းကြိုက် ဆောင်တတ်သော မြန်မာမန်နေဂျာ တချို့၏ ပညာပြညစ်လုံးများကိုလည်း အလုပ်သမားများက ခံနေကြရသေးသည်။
ခံရသူ အများစုက အတန်းပညာနှင့် ဗဟုသုတ နည်းပါးပြီး လုပ်ငန်းခွင်နှင့် မိုင်ဆယ်ချီဝေးကွာသော ကျေးလက်တော ရွာများမှ နေ့စဉ်လာရောက် အလုပ် ဆင်းနေကြသူ ငယ်ရွယ်သည့် မိန်းက လေးအများစု။ သူတို့ အဆိုအရ တနေ့ ကျပ် ၃၆၀၀ ပေးမည်ဟု သဘောတူညီ ပြီးမှ လကုန်ငွေရှင်းချိန် ကျပ် ၂၇၀၀ သာပေးသည်ကို ဘဝင်မကျ။ ကုမ္ပဏီ တာဝန်ရှိသူ၏ အကြောင်းပြချက်က အလုပ်ကျွမ်းကျင်မှု မရှိ၍ ဟူ၏။
အစမ်းခန့်ကာလ ဖြစ်သည်တွက် ကြောင့်ဟုလည်း ဆင်ခြေပေးသည်။

အလုပ်သမားများ တစ်နေ့ ကျပ် ၂၇၀၀ ဖြင့် အစမ်းခန့်ကာလ ၃ လ လုပ်ပြီးသောအခါ ကုမ္ပဏီက အလုပ် သမားတစ်ချို့တို့အား ကုမ္ပဏီဝန်ထမ်း အဖြစ် အတည်ခန့်ထားခြင်း မပြုဘဲ ကီလိုစားက လုပ်နိုင်သလောက် ပိုရသည် ဟုဆိုကာ ကီလိုစားဝန်ထမ်းအဖြစ်သို့ ပြောင်းလဲခန့်ထားပြန်သည်။ ကီလိုစား ဝန်ထမ်းအဖြစ် လအနည်းငယ် လုပ်ကိုင် ပြီးနောက် တွက်ခြေ မကိုက်သောကြောင့် အလုပ် ထွက်သွားသူများလည်း ရှိသည်။

အကြောင်းက ကုန်အဝင်နည်းသည့် အတွက် တစ်နေကုန်လုပ်သည့် တိုင် အောင်ရသည့် ကီလိုကြေးပိုက်ဆံက ကျပ် ၂၀၀၀ ထက် မပို။
ထမင်းနှင့် မုန့်ပဲသားရေ ဝယ်စား ရသော စရိတ်သာကာမိပြီး အိမ်ကို လုပ်အားခ ပါမသွားကြသည့်အခြေ အနေ။ မနက်အစောကြီး ငါးနာရီထပြီး တစ်နာရီ ကျော် ကားစီးကာ အလုပ်လာ ဆင်းရခြင်း က လူပင်ပန်းရုံသာ အဖတ်တင်သည့် သဘော။ ယင်းကြောင့်လည်း ရပ်နားကြ သည်ဟု အလုပ်သမများက ရင်ဖွင့်သည်။
သည်တော့ တစ်ပြိုင်တည်း ကုန် အဝင်များသည့် ရက်များ၌ အလုပ်သမား လုံလောက်မှုက မရှိ။ ယင်းသို့ဖြစ်လျှင် ခြံဝင်းတစ်ခုတည်း၌ လုပ်ငန်းခေါင်းစဉ် ခွဲထားသည့် (အေ)ကုမ္ပဏီမှ ခန့်ထား သော ဝန်ထမ်းများအား (ဘီ)ကုမ္ပဏီမှာ လာ ရောက်ကူညီ လုပ်ပေးကြရသည် လည်း ရှိသလို အလုပ်ပါးနေသောဌာန များမှလည်း လိုအပ်သလို သွားရောက်ကူ ကြရသည်များ ဖြစ်ကုန်တော့သည်။

ဆိုင်၏မဆိုင်၏ အလုပ်သမား ဥပဒေသဘောတရားကို နားလည် သူတစ်ချို့ အနည်းငယ် ရှိကြသော်လည်း အမုန်းခံအာခံပြီး ပြန်ပြောရဲသူ မရှိသ လောက်။ လည်လည်ပတ်ပတ်ရှိ အာဇ လျှာဇ ရှိသူဆိုရင်အကြောင်း အမျိုးမျိုး အပြစ်ရှာပြီး အလုပ်ထုတ်သည့်ဓလေ့ဆိုး ကြီးက ယခုအချိန်အထိ အားကောင်း မောင်းသန် ဖြစ်နေဆဲဖြစ်သောကြောင့် ဖြစ်သည်။
သို့ကြောင့်လည်း ပေးတာယူခိုင်း တာလုပ် ကျွေးတာစားဆိုသော ယန္တရား တစ်ခုအောက်တွင် ရသည့်အကိုင်းအခက် လေးက အိုးစားမကွဲအောင် မြဲမြဲဆုပ် ကိုင်ပြီး အသက်ဆက်နေကြရသည့် အ လုပ်သမားထုက မနည်း။ မကျေနပ်လို့ ဆိုင်ရာရုံး သွားတိုင်သူတစ်ချို့ ရှိခဲ့ဖူး ပါသည်။ နိုင်သူတစ်ချို့ ပေါ်ထွက်ခဲ့ဖူး သော်လည်း အများစုမှာ နောက်တစ်နေ့ အထုပ်ကလေး ပိုက်ပြီး ရွာပြန် သွားကြရသည်က များသည်။

ခေတ်ပြောင်းနေပြီဟူသော ကြွေး ကြော်သံကို အဟုတ်မှတ်ပြီး ရင့်ကျူးမိသူ တစ်ချို့လည်း ယင်းတို့၏ လည်ချောင်း ၀မှာ ဆို့နစ် မင်သက်လျက်။
ယခုအချိန်ထိ အပေးအယူညီညွတ် တက်ညီလက်ညီ “က” နေကြသူများ၏ထူးမခြားနား ဇာတ်ကွက်တစ်ခု၏ တေး သွားဝဲဩဃကြား ကိုယ့်အား ကိုယ်ကိုး ကူး ခပ်ရုန်းကန်ရင်း တဝဲလည်လည်။ ပြောရလျှင် ကုမ္ပဏီအားလုံး ဒီလိုပုံစံ လုပ်နေကြသည်တော့ မဟုတ်။
ကုမ္ပဏီတစ်ခုဆိုလျှင် သူ့ကုမ္ပဏီ မှာ နေ့စားဝန်ထမ်းတစ်ယောက်ကို တစ် ရက်လုပ်အားခနေ့စား ၄၂၀၀ ကျပ် ပေးထားသည်။ သို့သော် ကုမ္ပဏီက ငယ်သောကြောင့် ဝန်ထမ်းများများ စားစား အလုပ်မပေးနိုင်။

အလုပ်ပေးနိုင်ပါသည်ဆိုသော ကုမ္ပဏီကလည်း အပြောတစ်မျိုး အလုပ် တစ်မျိုး။ ကုန်အဝင်များသည့်ရက် မနိုင်မနင်း။ သည့်အတွက် အချိန်ပိုလုပ်ရ ပြန်တော့လည်း တစ်နာရီလုပ်ခရသည့် အချိန်ပိုကြေးက (အခြေခံလစာ ကျပ် ၃၆၀၀ဖြင့်တွက်လျှင်) တစ်နာရီ ကျပ် ၉၀၀ ရမည့်အစား တကယ် လက်ရှိ ပေးသည်က တစ်နာရီ ကျပ်၅၀၀၊ တစ်ချို့ ကျပ် ၄၀၀ နှုန်းသာ ပေးသည်။ ပိုသည့် သဘောလော မပြောတတ်တော့။
ထားလိုက်ပါတော့။ အောက်ခြေ အလုပ်သမားတစ်ဦး တနေ့ ကျပ် ၃၆၀၀ ရသည်ထား။

သည်ကနေ့ တရိပ်ရိပ် တက်နေ သည့် ကုန်ဈေးနှုန်းနှင့်ရသည့် လုပ်ခ လစာနဲ့ ဘယ်လိုမှစား မလောက်တာ ကတော့ အမှန်။ အနည်းဆုံး လုပ်ခပေး ရေး ဥပဒေအရလည်း ၂ နှစ် တစ်ကြိမ် ပြန်လည် ပြင်ဆင်သတ်မှတ် ရမည်ဖြစ် ရာ ယခု စက်တင်ဘာ၌ ၂ နှစ်ပြည့်ပြီ ဖြစ်၍ ပြန်လည် ပြင်ဆင်ရတော့မည်။
တိုင်းနှင့်ပြည်နယ်အလိုက် အလုပ် ရှင် အလုပ်သမား သုံးပွင့်ဆိုင် အလုပ်ရုံ ဆွေးနွေးပွဲတွေ ပြုလုပ်နေကြသည်။
ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အလုပ်သမားတွေကတော့ အနိမ့်ဆုံးလုပ် အားခကို ကျပ် ၅၆၀၀ ပေးဖို့ တောင်းဆို နေကြသလို တနင်္သာရီတိုင်း အတွင်း မှာလည်း အလုပ်သမားများ ဘက်က အနိမ့်ဆုံးလုပ်အားခကို အမျိုးမျိုး အဆိုပြုကြသည်။

ထားဝယ်က ကျပ် ၅၀၀၀ ၊ မြိတ်က ကျပ် ၅၅၀၀ ၊ ကော့သောင်းက ကျပ် ၇၂၀၀ ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးထဲက လုပ်ငန်းရှင်များကတော့ တစ်နေ့ ကျပ် ၅၀၀၀ ကို တညီတညွတ်တည်း အဆိုပြု ကြသည်။
လက်ရှိ တင်ပြဆွေးနွေးချက်များကို လည်း စက်တင်ဘာ နောက်ဆုံးအပတ် အမျိုးသားအဆင့် အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ပြီး လာမည့် ဘဏ္ဍာရေးနှစ်တွင် အတည်ပြု နိုင်ရန် ဆောင်ရွက်သွားမည်ဟု ဆို သည်။
အဖြေမည်သို့ ထွက်လာမည် မသိ ပါ။

လက်ရှိ ကျပ် ၃၆၀၀ တောင် ပြည့်ပြည့်၀၀ ရရှိခြင်း မရှိကြသေးတဲ့ အလုပ်သမလေးများက ကျပ် ၅၀၀၀ ကျော်ဆိုသည့် အိပ်မက်အပေါ် ယုံကြည် မှု မရှိသေးသော်လည်း သံသယ စိတ် နှင့် တိတ်တဆိတ် ပျော်နေကြရှာသည်။
သို့သော် ကုမ္ပဏီ၌လက်ရှိ လုပ်အားခ တစ်နေ့ ကျပ် ၆၀၀၀ ရရှိ နေပြီးသော အသက် ၃၅ နှစ်အရွယ် မိတ်ဆွေတစ်ယောက်က ယခုလို ညည်း သည်။
“ကျွန်တော့်မှာ ကျောင်းနေ အရွယ် ကလေး သုံးယောက်နဲ့ လကုန်ရင် အိမ်လခ ရေဖိုး မီးဖိုး ထည့်ပေါင်းရင်ရ သည့် လစာက လုံလောက်မှု မရှိသေး ဘူး။ မိန်းမက ဘော်ဒါဆောင်တစ်ခုမှာ ထမင်းချက်တဲ့ လစာလေး လာခံထား လို့သာ မိသားစု ဣနြေ္ဒမပျက် လည်ပတ် လို့ရနေတာ”ဟူ၏။

အဆိုပါ မိတ်ဆွေကဲ့သို့ တစ်နေ့ ၆၀၀၀ ကျပ် ရနေသည့်သူက ဤသို့ ညည်းညူနေသေးလျှင် ကျပ်၃၆၀၀ တောင် အပြည့်အဝ မရရှိကြသေးသည့် အောက်ခြေ အလုပ်သမားတို့၏ နိစ္စဓူဝ နေ့ရက်များကို မည်သို့ ခက်ခဲပင်ပန်း ခါးသီးမှုများနှင့် ရင်ဆိုင်ဖြတ်သန်းနေရသနည်းဆိုသည်ကိုတော့ စဉ်းစားစရာ မလိုတော့ပေ။
မူဝါဒ ချမှတ်သူများ၊ ဆုံးဖြတ် ပိုင်ခွင့်ရှိသူများ အထက်ပါ ခြေအနေတွေ ကို သိမည်ဟု ထင်ပါသည်။
ဆုံးဖြတ်ချက်ချသည့်အခါတွင် လည်း ထည့်သွင်း စဉ်းစားမည်ဟု မျှော်လင့်ပါသည်။