ကျောင်းမနေဖူးသူများကို ရက်ပါင်း လေးဆယ် စာသင်ပေးမည်

0
346

ထားဝယ်ခရိုင် အတွင်းရှိ ကျောင်း မနေဖူးသူများအား ရက်ပေါင်း လေးဆယ် စာပေသင်ကြားပေးမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရ သည်။
ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန၏ အခြေခံ စာတတ် မြောက်ရေးလုပ်ငန်းအဖြစ် အသက် ၁၅ နှစ် နှင့်အထက် စာပေသင်ကြားလိုသူများကို မြန်မာစာနှင့် သချာFဘာသာရပ်ကို ရက်ပေါင်း လေးဆယ်အကြာ သင်ကြားပေးမည်ဖြစ် ကြောင်း အထက်ပါရုံးမှ ဒုတိယညွှန်ကြား ရေးမှူး(ပညာ) ဦးဝင်းနောင်က ပြောသည်။

“စာသင်ခွင့်မရတဲ့သူတွေအတွက် စာသင်ခွင့် အခွင့်အလမ်းတစ်ခု ရသွား မယ်”ဟု ဦးဝင်းနောင်က ဆိုသည်။
အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တွင် စာသင်ကြားပေးရန်အတွက် ထားဝယ် တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၁၈၉ ဦး စာရင်းပေး ထားကြောင်း ထားဝယ် တက္ကသိုလ် ကျောင်းသားရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါ အခြေခံစာ တတ်မြောက် ရေးလုပ်ငန်းကို အောက်တိုဘာလ တတိယပတ်တွင် hပြုလုပ်ရန် စီစဉ်ထားပြီး လက်ရှိတွင် ခရိုင်အတွင်းရှိ ကျေးရွာ များတွင် စာပေသင်ကြားလိုသူများ စာရင်း ကောက်ယူလျက်ရှိကြောင်း ဦးဝင်းနောင်က ပြောသည်။
ကျေးရွာအလိုက် သင်ကြားမည် ဖြစ်ပြီး သင်ကြားလိုသူ အနည်းဆုံး ၁၀ ဦးရှိသည့် ကျေးရွာများတွင် သင်ကြားပေး မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမျ သိရသည်။

ထားဝယ်ခရိုင်တွင် စာမတတ် မြောက်သူ ဦးရေ စုစုပေါင်း ၂၇၅၉၆ ဦးရှိကြောင်း ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ထားဝယ်ခရိုင် အစီအရင်ခံစာတွင် ဖော်ပြ ထားသည်။
ယင်းလုပ်ငန်းကို ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနမှ ပထမ ဆုံအကြိမ်အဖြစ် တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် ပြုလုပ်ခြင်း ဖြစ် ကြောင်း သိရသည်။