ကျောင်းဆောင်အသစ်များအတွက် စာရေးခုံ နှစ်ထောင်ကျော်ချပေးမည်

0
535

ယခုဘဏ္ဍာရေးနှစ်တွင် ဆောက် လုပ်မည့် ကျောင်းဆောင်အသစ်များ အတွက် စာရေးခုံအစုံ နှစ်ထောင်ကျော်ချ ထားပေးမည်ဖြစ်ကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။

စာရေးခုံများကို စာသင်ခန်းတစ် ခန်းလျှင် ၁၀ စုံနှုန်းဖြင့် အသစ်ဆောက် လုပ်မည့် ကျောင်းဆောင် အသစ် ၅၈ ကျောင်းအတွက် စာရေးခုံအစုံ ၂၆၉၄ စုံချထားပေးမည်ဖြစ်ကြောင်း တိုင်းပညာ ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

“ခုရတဲ့ ဘတ်ဂျက်က ပြည်ထောင်စုက ချပေးတဲ့ ငွေလုံးငွေရင်း ဘတ်ဂျက်ပေါ့။ ဒီနှစ်မှာ ဆောက်မယ့် ကျောင်းဆောင် အသစ်တွေအတွက် ချထားပေးတာပါ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ယင်းစာရေးခုံများအတွက် တိုင်း ပညာရေးမှူးရုံးက ခွင့်ပြုငွေချထား ပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ် အဆင့် ပညာရေးမှူးများနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးများ၏ အစီအစဉ်ဖြင့် စာရေးခုံများကို သက်ဆိုင်ရာ လုပ်ငန်း ရှင်များထံ အပ်နှံဆောင်ရွက်ရမည်ဖြစ် ကြောင်း လောင်းလုံးမြို့နယ် ပညာရေး မှူးရုံးထံမှ သိရသည်။