သရက်ချောင်းတွင် ဆိုင်ကယ်မောင်းလိုင်စင် လုပ်ပေးမည်

0
450

သရက်ချောင်းမြို့နယ်အတွင်း ဆိုင်ကယ်စီးသူများအတွက် ယာဉ်မောင်း လိုင်စင်(က)ကို ကွင်းဆင်းပြု လုပ်ပေး သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ကညန)ထံမှ သိရသည်။

ယာဉ်မောင်း လိုင်စင်များကို သရက် ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင် စက်တင်ဘာလ ၂၃ ရက်၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ လုပ်ပေးသွားမည်ဖြစ်ကြောင်း ကညန တိုင်းဒေသကြီး ဦးစီးမှူးက ဆိုသည်။
ယာဉ်မောင်းလိုင်စင်(က) အသစ်ပြု လုပ်ခြင်းအပြင် သက်တမ်းတိုးခြင်းနှင့် ဆိုင်ကယ်၊ ကားသက်တမ်း တိုးခြင်းကိုပါ လုပ်ပေးသွား မည်ဖြစ် ကြောင်း ကညန တိုင်းဦးစီးမှူး ဦးထင်ပေါ်က ပြောသည်။

လာမည့် အောက်တိုလာလတွင် လောင်းလုံးမြို့နယ်တွင် ပြုလုပ်ပေးရန် မျှော်မှန်းထားကြောင်း ၎င်းက ဆိုသည်။
“အခြားမြို့နယ်တွေက တောင်းဆို လာရင်လည်း ကွင်းဆင်းပြီး သွားလုပ် ပေးမှာပါ”ဟု ဦးထင်ပေါ်က ပြောသည်။
ယာဉ်မောင်းလိုင်စင်(က) ပြုလုပ် ရန် မှတ်ပုံတင်မိတ္တူ၊ နောက်ခံ အပြာ ရောင်ပါသည့် ပတ်စပို့ဆိုဒ် ကာလာ ဓာတ်ပုံ ၃ ပုံ လိုအပ်မည် ဖြစ်သည်။