အကောင်းဆုံးဆုရ ကစားသမားများဖြင့် အသက် ၁၈ နှစ်အောက် ဘောလုံးပြိုင်ပွဲ ဝင်ပြိုင်မည်

0
341

တိုင်းနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက် ဘောလုံးပြိုင်ပွဲယှဉ်ပြိုင်ရန် တနင်္သာရီတိုင်း ကိုယ်စားပြု အသင်းကို ခရိုင်အဆင့်နှင့်မြိုနယ် အဆင့်ပြိုင်ပွဲများ တွင် အကောင်းဆုံးဆုရ ကစားသမား အများစုအား ရွေးချယ်ထားကြောင်း ယင်းဘောလုံး အသင်းနည်းပြထံမှ သိရ သည်။

လက်ရှိတွင် ယင်းအားကစားသမား ၂၂ ဦးကို ရွှေဝယ်သီရိ အားကစားကွင်း တွင် စခန်းသွင်း လေ့ကျင့်ပေးလျက်ရှိ ကြောင်း အသင်းနည်းပြက ပြောသည်။
“အများစုကတော့ ဆုရထားတဲ့ သူတွေပါတယ်။ အားအရဆုံးကတော့ အသင်းသားတွေကတော့ စည်းလုံးမှု ရှိတာပါ။ နောက်တစ်ခုက အလယ်တန်း ကို ပိုပြီးအားရတယ်”ဟု ၎င်းက ပြော သည်။

အဆိုပါ ဘောလုံးအသင်းတွင် တိုင်းနှင့်ပြည်နယ်အဆင့် ကစားဖူးသည့် အတွေအကြုံရှိသူများ အများစု ပါဝင် သဖြင့် ဆုတစ်ခုခုရရှိရန် မျှော်မှန်း ထားကြောင်း ယင်းအားကစား သမား များက ပြောသည်။
တိုင်းနှင့်ပြည်နယ်အဆင့် အသက် ၁၈ နှစ်အောက် ဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ ၂ ရက်တွင် နေပြည် တော်၌ စတင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။