ကုန်တင်သင်္ဘောပါ အကောက်ခွန်မဲ့ပစ္စည်းများ လေလံတင်

0
364

အောင်သစ္စာ ၃ ကုန်တင် သင်္ဘော ဖြင့် ကော့သောင်းမြို့မှ အကောက်ခွန်မဲ့ တင်ဆောင်လာသည့် ကုန်ပစ္စည်းများကို စက်တင်ဘာလ ၁၄ရက်က လေလံ တင်ရောင်းချခဲ့ကြောင်း ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနထံမှ သိရ သည်။
အဆိုပါ သင်္ဘောတွင် တင်ဆောင် လာပြီး ကုန်ပစ္စည်း သွင်းကုန်ကြေညာ လွှာ(ID)တွင် ဖော်ပြထားခြင်း မရှိသည့် ဘိလပ်မြေအိတ်များ၊ အချိုရည်ဘူးများ၊ အိမ်အသုံးအဆောင် ပစ္စည်းများ အစရှိ သည့် ပစ္စည်းအမျိုးအမည် ၁၀၀ ကျော်ကို သိမ်းဆည်းပြီး ဈေးပြိုင်စနစ် ဖြင့် လေလံတင်ရောင်းချခြင်း ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန ထားဝယ် မြို့နယ်ဦးစီးမှူး ဦးတင်ထွဋ်က ပြောကြား သည်။

အကောက်ခွန်မဲ့ ပစ္စည်း ၁၀၂ မျိုး ကို အုပ်စု လေးစုခွဲကာ ဈေးပြိုင်စနစ် ဖြင့် လေလံတင်ရောင်းချခဲ့ရာ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၁၅၅၃ ရရှိ ခဲ့သည်။
“သွင်းကုန်ကြေညာလွှာမှာ မပါတဲ့ ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းပြီး လေလံပစ်တာပါ”ဟု မြို့နယ် အကောက်ခွန် ဦးစီးမှူး ဦးတင်ထွဋ်က ပြောသည်။

ယင်းအပြင် သွင်းကုန်ကြေညာ လွှာတွင် ဘိလပ်မြေအိတ်ပေါင်း နှစ် သောင်းဟု ပါရှိသော်လည်း အိတ်ပေါင်း လေးထောင် ပိုမိုတင်ဆောင်လာသည့် အတွက် ပစ္စည်းတန်ဖိုး၏ ၆ ပုံ ၁ ပုံကို ဒဏ်တပ်ရိုက်ခဲ့ကြောင်း မြို့နယ် အကောက်ခွန် ဦးစီးမှူး ဦးတင် ထွဋ်က ဆိုသည်။
အကောက်ခွန်မဲ့ ပစ္စည်းများ တင် ဆောင်လာသည့် အောင်သစ္စာ-၃ သင်္ဘော၏ တာဝန်ရှိသူနှင့် သင်္ဘောစာရေး ဖြစ်သူကို နောက်ဆုံးအကြိမ် သတိပေး သည့်အနေဖြင့် ခံဝန်ထိုးခိုင်းထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ဆိုသည်။

“နောက်ဆိုရင် အရေးယူမယ်ဆို တဲ့အကြောင်း ခံဝန်ထိုးခိုင်းတာပါ”ဟု ဦးသိန်းအောင်က ပြောသည်။
ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ ထွက်ခွာလာသည့် အောင်သစ္စာ ၃ သည် ပင်လယ်လမ်းခရီးတွင် ကြာမြင့် နိုင်မည့် အချိန်ထက် ကြာနေခြင်းကြောင့် တိုင်း အစိုးရအဖွဲ့ ညွှန်ကြားချက်ဖြင့် ဇူလိုင်လ ၂၄ ရက်က စတင်စစ်ဆေးခဲ့ရာ ယင်း ကဲ့သို့ အကောက်ခွန်မဲ့ပစ္စည်းများ တွေ့ရ ခြင်း ဖြစ်သည်။
ကုန်တင်သင်္ဘောများကို အကောက်ခွန်မဲ့ပစ္စည်းနှင့် တန်ပို သယ် ဆောင်ခြင်းရှိမရှိ ရှောင်တခင် စစ်ဆေး သွားမည့် အစီအစဉ်ရှိကြောင်း တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။